Top 10 similar words or synonyms for yai

khao    0.983630

rustenburg    0.975114

nelspruit    0.974480

mbombela    0.973321

wings    0.973135

bulgaria    0.972045

leaves    0.971238

são    0.971119

polokwane    0.970771

switzerland    0.970741

Top 30 analogous words or synonyms for yai

Article Example
ရှမ်းဘာသာစကား ရှမ်းဘာသာစကားသည် ရှမ်းလူမျိုးတို့၏ တိုင်းရင်းသား ချက်မြှုပ် ဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်အတွင်းတွင် အများဆုံး ပြောဆိုကြသည်။ ထို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် တဲဟုန်၊ စစ်ဆောင်ပန္နား (ရှီးရွမ်ပနတိုင်) ပြည်နယ်စုတို့နှင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းတွင်လည်း အနည်းငယ်ပြောဆိုကြသည်။ ရှမ်းဘာသာစကားသည် တိုင်-ကဒိုင်ဘာသာစကား မျိုးနွယ်စုဖြစ်ပြီး ထိုင်းဘာသာစကားနှင့် ဆက်စပ်မှု ရှိသည်။ ၎င်း၌ အသံ (၆)သံ ရှိပြီး ထိုင်းစကားသံတို့နှင့် အတိအကျအားဖြင့် တူညီမှု မရှိပဲ အသံထွက်ရာတွင် ဖိ၍ ထွက်ဆိုရသော ဆဌမမြောက် စကားသံ ရှိသည်။ ၎င်းကို တိုင်ရှမ်းတို့ အခေါ်အရ တိုင်းယိုင် (တႆးယႂ်ႇ/Tai Yai) သို့မဟုတ် တိုင်းကြီး (တႆးလူင်/Tai Long) ဟု ခေါ်သည်။ “ရှမ်း” ဟူသော အသုံးအနှုန်းမှာ ဒေသစွဲ လူမျိုးစွဲအရ ခေါ်တွင်ခြင်းဖြင့် (exonym) ဆင်းသက်လာသည်ဟု ယူဆရပြီး ပါဠိအခေါ်အဝေါ် သျှာမ(သို့မဟုတ်)သျှာမ်မှ မြန်မာအခေါ် ရှမ်း (Shan) ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်။ ထိုင်းလူမျိုးတို့အား ပါဠိအခေါ်အဝေါ် သျှာမ်အား အနောက်တိုင်းသားတို့က စီယမ် (Siam) ဟုအသံထွက်ပြောင်းလဲလာခြင်းဖြစ်သည်။