Top 10 similar words or synonyms for touch

support    0.965509

adobe    0.962496

tools    0.960425

kde    0.959124

features    0.958971

distribution    0.958571

platforms    0.958492

builder    0.957778

latest    0.957423

hp    0.957356

Top 30 analogous words or synonyms for touch

Article Example
မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် Windows 7 ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် Windows 8 ကို မိတ်ဆက်ခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ Metro Design ဖြစ်သည်။ ပုံမှန် Start Menu မပါဝင်တော့ဘဲ Touch-Screen အသုံးပြုသော မိုဘိုင်းပစ္စည်းများကိုပါ အသုံးပြုနိုင်ရန် ရည်ရယ်ထားရှိသည်။ ထို့ပြင် Touch-Screen ကို အထောက်အပံ့ပေးနိုင်သော အက်ပလီကေးရှင်းအသစ်များကိုပါ မိတ်ဆက်ပြသခဲ့သည်။ အခြားပြောင်းလဲမှုများမှာ မိုက်ခရိုဆော့၏ မူပိုင် Cloud အဖြစ် SkyDrive ကို မိတ်ဆက်ခဲ့သည်။ Windows Store အသစ်ကိုပါ အက်ပလီကေးရှင်းများ ရယူနိုင်ရန်အတွက် မွမ်းမံခဲ့သည်။
Taqwacore Abraham Ibrahim ၏ Queer community of muslims တွင် အနောက်ဘက်ရှိ Queer Muslim ကို ကိုယ်စားပြုသည်။ သူသည် ခြားနားသော စရိုက်လက္ခဏာများကို စူးစမ်းရှာဖွေ့ခဲ့သည်။ အစ္စလာမ်အဖွဲ့၏ဖိနှိပ်ချုပ်ချယ်မှုများကို တွေ့ရသည်။ သူသည် ခြားနားသော အလုပ်များကို ရေးသားခဲ့သည်။ Michael Muhammad Knight၏ "Bilal’s Bread" နှင့် သူ၏ A Touch of Pink ရုပ်ရှင်တို့ပါရှိသည်။
Noise rock Noise rock သည် ဆောက်သမ်းယူနိုက်တက်မှ တီးဝိုင်းများဖြစ်သည့် Montgomery, Alabamaမှ Ed Kemper Trio တီးဝိုင်းများနှင့်အတူ ကျယ်ပြန့်စေခဲ့သည်။ SST နှင့် Touch and Go တို့၏ အသံများလွှမ်းမိုးခဲ့သည်။ Ed Kemper Trioသည် ၂၀၀၄ခုနှစ် documentary People Will Eat Anything တွင်စူးစိုက်ခြင်းခံရသည်။ ၉၀အစောပိုင်းတွင် Harry Pussyနှင့် To live and Shave in L.A တို့ကို မီယာမီ၊ ဖလော်ရီဒါတွင် ဖွဲ့စည်းခဲ့သည်။
မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် ၂၀၀၉ ခုနှစ် ဇွန်လိုင်လ ၂၂ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ Windows 7 နှင့် Windows Server 2008 R2 တို့ကို ကွန်ပျူတာ ထုတ်လုပ်သူများကို စတင်ထုတ်ဝေခဲ့သည်။ ယခင် Windows Vista ထက် ပိုမိုများပြားသော လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပြသနိုင်ခဲ့သည်။ Windows Vista နှင့် အသုံးပြု၍ ရသော အက်ပလီကေးရှင်းများ အားလုံးကို Windows 7 မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားသည်။ Windows 7 တွင် Multi-touch ဟုခေါ်သော ပိုမိုထားခြားသောထိတွေ့မှု စနစ်၊ Windows Task-bar အသစ်ပြောင်းလဲခြင်း နှင့် Home-Group ဟုခေါ်သော ချိတ်ဆက်မှုစနစ်အသစ် တို့ အပါအဝင် လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ထားရှိသည်။
အိုင်းပက် (ကွန်ပျူတာ) အိုင်းပက်၏ operating system ကိုမွမ်းမံပြင်ဆင်ခြင်း မပြုပဲ အသုံးပြုပါက Apple Inc., မှ အသုံးပြုရန်ခွင့်ပြုထားသော မည်သည့် program မဆိုအသုံးပြုနိုင်ပါသည်။ အိုင်းပက်များနှင့် iPhone များကဲ့သို့ပင် အိုင်းပက်သည် multi touch display များကိုအသုံးပြုပါသည်။ အခြား tablet computer များကဲ့သို့ဖိအားနှင့် သုံးရသည့် Stylus ဒစ်ဂျီတယ် ပင်များကို အသုံးပြုရန်မလိုပါ။ On Screen Keyboard ပါရှိသည့်အတွက် Keyboard ကိုအသုံးပြုရန်မလိုပါ။ Wi-Fi ဆက်သွယ်မှု ကိုအသုံးပြုသည့်အတွက် Local Area Network နှင့် Internet ကိုလည်း Wireless ကြည့်ရှုနိုင်ပါသည်။ တချို့မော်ဒယ်များတွင် 3G စနစ်များကိုပါ အသုံးပြုနိုင်သည့် အတွက် HPSA နှင့် EV-DO အစရှိသော ဒေတာကွန်ယက်များကိုလည်း ချိတ်ဆက်နိုင်ပါသေးသည်။ iOS 5 ကိုအသုံးပြုပြီးနောက်ပိုင်းတွင်မူ USB ကိုအသုံးပြုပြီး၊ PC များနှင့် ချိတ်ဆက်ကာ iTune ဖြင့် synced လုပ်ရန်လည်းပဲ မလိုအပ်တော့ပါ။
Alternative rock အမေရိကန်indie record labels SST Record, Twin/Tone Records, Touch and Go Records နှင့် Dishord Records များသည် အမေရိကန် underground မှ ဖြစ်ရပ်မှ စိုးမိုးထားသည့် hardcore punk သည် alternative rock ၏ ကွဲပြားသောပုံစံများသို့ စီစဉ်ခဲ့သည်။ Minneapolis မြို့မှ တီးဝိုင်းများဖြစ်သည့် Husker Du and The Replacements တို့သည် ထို အပြောင်းအရွေ့ကို ညွန်ပြခဲ့သည်။ punk rock တီးဝိုင်းများကဲ့သို့ သူတို့၏အသံများကို သုံးလေးမျိုးခွဲခဲ့သည်။ Michael Azerrad (အမေရိကန်စာရေးဆရာ)က Husker Du တီးဝိုင်းသည် college rock ၏ ကွဲပြားသောဂီတနှင့် hardcore punk ထဲတွင် ရှိသည်ဟု အခိုင်အမာပြောကြားသည်။ တီးဝိုင်းသည် အမေရိကန် indie ဖြစ်ရပ်ထဲမှ major record labelသို့ လက်မှတ်ရေးထိုးရန် ပထမဆုံးအုပ်စုဥပမာဖြစ်သည်ဟု ဆိုသည်။
ပီအယ်လ်စီ ပီအယ်လ်စီများကို အသုံးပြုသူ ဖြင့် အပြန် အလှန် ဆက်သွယ်ရာတွင် အဖွင့်အပိတ် ခလုတ်များ၊ အချက်ပြမီးလုံးများ စသည့် အရိုးရှင်းဆုံးသော နည်းလမ်းများမှ အစပြု၍ ပီအယ်လ်စီ အများအပြားကို ကွန်ယက် ချိတ်ဆက်ကာ ကွန်ပြူတာမှ တဆင့် ထိန်းချုပ်နိုင်သော နည်းလမ်း အထိ အမျိုးမျိုး ရှိသည်။ အရိုးရှင်းဆုံး နည်းလမ်းဖြင့် ဆိုပါက အသုံးပြုသူက ခလုပ်ကို ဖိနှိပ်ခြင်းဖြင့် ပီအယ်လ်စီကို အချက်ပေးပြီး ပီအယ်လ်စီမှ အမှားအယွင်း ရှိသည့် အခြေအနေ တွင် မီးနီပြခြင်း၊ အမှားအယွင်း မရှိသည့် အချိန်တွင် မီးစိမ်းပြခြင်း စသည့် နည်းလမ်းဖြင့် အသုံးပြုသူအား လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းဆောင်တာ အကြောင်းကို ပြန်လည် သတင်းပေးပို့သည်။ ထို့ထက် ပို၍ အဆင့်မြင့်သော နည်းတွင် ဖိနှိပ်နိုင်သည့် မှန်သားပြင် (Touch Panel) ကို အသုံးပြု၍ အသုံးပြုသူမှ လုပ်ငန်းဆောင်တာ အတွင်း လိုအပ်သည့် အချက်အလက်များကို ပီအယ်လ်စီသို့ ပေးပို့နိုင်သည်။ ဥပမာအားဖြင့် ပီအယ်လ်စီမှ ထိန်းချုပ် မောင်းနှင် နေသည့် မော်တာ၏ အရှိန်နှုန်းကို ထိန်းညှိခြင်း၊ ပီအယ်လ်စီ အတွင်း လက်ရှိ အလုပ်လုပ်နေသော တိုင်မာများ၊ ကောင်တာများ၏ တန်ဖိုးကို ညှိနှိုင်းခြင်း စသည်တို့ ဖြစ်ကြသည်။ ဖိနှိပ်နိုင်သော မှန်သားပြင် အများစုမှာ ပီအယ်လ်စီများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည့် အပြင် စက်ရုံသုံး လုပ်ငန်းဆောင်တာများတွင် အသုံးများသော ယူဆာ အင်တာဖေ့စ် များကို အလွယ်တကူ ဒီဇိုင်းရေးဆွဲနိုင်ရန်လည်း ပြုလုပ်ထားသည်။
Hardcore punk အမေရိကန် Midwest မှ Touch and Go သည် ၁၉၇၉မှ ၁၉၈၃ အတွင်းတွင် Midwest Hardcore ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ We Got Power သည် ၁၉၈၁ မှ ၁၉၈၄ တွင် LA ဖြစ်ရပ်ကို ဖော်ပြခဲ့သည်။ D.O.A, the Misfits, Black, Flag, Suicidal Tendencies နှင့် Circle Jerks တို့အပါအဝင် show ပွဲများ၏ ဆင်ခြင်သုံးသပ်ချက်များနှင့် တီးဝိုင်းများနှင့် အင်တာဗျူးများ ပါဝင်သည်။ My Rule သည် photo zine တစ်ခုဖြစ်ပြီး US ကိုဖြတ်သန်း၍ hardcore show များပါဝင်သည်။ ထိုဖြစ်ရပ်သည် ၁၉၈၈ တွင် New York City ဖြစ်ရပ်များပါဝင်သည်။ ၁၉၉၀ တွင် Maximum Rock ‘n’roll သည် de facto bible of the scence ဖြစ်ရပ်များဖြစ်လာခဲ့သည်။ Maximum Rock ‘n’ roll သည် လစဉ်သတင်းစာမဂ္ဂဇင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအများစုနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ MRR က "သေချာတိကျသော ဆင်ခြင်သုံးသပ်ချက်ဖြစ်သည်"ဟု ဆိုသည်။ Heartattack နှင့် Profane Existence အကြောင်းကို DIY ကပြောကြားထားသည်မှာ Heartattack သည် အီမို နှင့် post hardcore အကြောင်းအဓိကဖြစ်သည်။ Profane Existence သည် Crust punk အကြောင်းအဓိကထားသည်။ Bay Area Zine Cometbus က ၉၀ punk ယဉ်ကျေးမှု၏ လုံးဝသိမ်းဆည်းထားခြင်းဖြစ်ပြီး mainstream punk’s MTV/Wrarped Tour များကို ထောက်ပံထားခြင်းဖြစ်သည်။
ပလေးစတေရှင် ဗီတာ ၎င်းစက်သည် မူလ PSP ပုံစံ ကို ဘဲဥပုံစံ စင်စင် နှင့် အလယ်တွင် ၅လက်မ အိုအယ်အီးဒီ တပ်ချ်စကရင် ဖန်သားပြင်ထည့်သွင်းပြီး အထူးပြုလုပ်ထားပါသည်။ ၎င်းတွင် အန်နာလော့စတစ် နှစ်ခု(PSPတွင် တစ်ခုထဲသာပါဝင်)၊ D-pad တစ်ခု၊ PlayStation ခလုတ်များဖြစ်သော (၊ ၊ နှင့် )၊ ပခုံးခလုတ်နှစ်ခုဖြစ်သော (L နှင့် R)၊ PlayStation Button ခလုတ်တစ်ခု၊ Start နှင့် Select ခလုတ်တို့ပါဝင်သည်။ ၎င်းစက်သည် Core ARM Cortex-A9 MPCore processor ပါဝင်၍ core လေးခုမှ သုံးခုသည် application များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ and a quad-core GPU SGX543MP4+. စက်တွင် စက်နောက်ဘက် touch pad၊ ကင်မရာနှစ်လုံး (အရှေ့နှင့်အနောက်)၊ စတီရီယို စပီကာများ၊ မိုက်ကရိုဖုန်း၊ Sixaxis လှုပ်ရှားမှု အာရုံခံ system (three-axis gyroscope နှင့် three-axis accelerometer)၊ three-axis လျှပ်စစ်သံလိုက် အိမ်မြှောင်၊ ဂျီပီအက်စ် (3G version အတွက်သာ) တို့အပြင် Wi-Fi၊ 3G၊ နှင့် Bluetooth 2.1+EDR ဆက်သွယ်နိုင်မှု တို့ပါဝင်သည်။ ကင်မရာနှစ်ခုသည် မျက်နှာအာရုံခံ စွမ်းရည်၊ ခေါင်းအာရုံခံနိုင်မှုစွမ်းရည်နှင့် ခေါင်းလှုပ်ရှားမှုအာရုံခံစွမ်းရည်များ ပါဝင်သည်။ ပလေးစတေရှင် ဗီတာတွင် 512 MB system RAM နှင့် 128 MB VRAM ပါဝင်သည်။ RAM အရေအတွက်သည် အသုံးပြုသူများ cross-game chat ကိုစက်ပေါ်တွင် သုံးလို့ရအောင် ပြုလုပ်ထားသည်။
စတိဗ်ဂျော့စ် Steve ပြန်ရောက်ပြီး ပထမ လေးလပတ်မှာ Apple က $700 million အရှုံးပေါ် ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွား ပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက် တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple ကပြန် ဦးမော့ လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ တာကလည်း မှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန် ပေါ်ပြန်တက် လာပါပြီ။ အဲ့ဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေ ဘက်က နေ MP3 သီချင်းတွေ ဘက်ကို အားသန် လာတာကို သတိထားမိတဲ့ Steve ကသူ့ကုမ်ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲ လိုက်ပြီး iTunes ပေါ်ပေါက် လာပါတယ်။ ခက်တာက သူနဲ့တွဲ သုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး အောက်တိုဘာမှာတော့ ဒီချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး '1,000 songs in your pocket' လို့ကြွေးခဲ့ပါတယ်။ ဒီပစ်စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်မယ်လို့ အဲ့အချိန်က Steve အပါအဝင် ဘယ်သူမှ မထင်မှတ် ထားခဲ့ပါဘူး။ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တ နေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီး ပေမယ့်လည်း လူတွေက အလုအယက် အားပေး ကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့ အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး 'iPod nation' ကိုတည်ထောင် ခဲ့ပါတယ်။ ဒါတွေနဲ့ မရပ်တန့် သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။