Top 10 similar words or synonyms for portable

based    0.895548

integrated    0.894838

unit    0.889823

analog    0.889107

systems    0.888873

transfer    0.888174

binary    0.886102

implementation    0.885265

control    0.885131

processing    0.879515

Top 30 analogous words or synonyms for portable

Article Example
လက်ပ်တော့ပ် ကွန်ပျူတာ တစ်ကိုယ်ရေသုံးကွန်ပျူတာ (PC) ကို ပြုလုပ်ရန် စိတ်ကူးရပြီးနောက်ပိုင်းမကြာမီ ၁၉၇၁ ခုနှစ်တွင် ပြုလုပ်နိုင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် "personal, portable information manipulator" တစ်ခုကို Alan Kay က Xerox PARC ၌ စိတ်ကူးစိတ်သန်း ရခဲ့သည်။ သူ၏ ၁၉၇၂ စာတမ်းကို Dynabook အဖြစ် ဖော်ပြခဲ့သည်။၁၉၇၃ ခုနှစ်တွင် IBM Special Computer APL Machine Portable (SCAMP) က အကောင်အထည်ဖော်ပေးခဲ့သည်။ ၎င်းသည် IBM PaLM processor ကိုအခြေခံခဲ့သည်။ ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလတွင် IBM 5100 သည် ပထမဆုံး စီးပွားဖြစ်ရောင်းသော Portable Computer တစ်ခုဖြစ်သည်။ ၎င်းသည် SCAMP ပုံစံကြမ်းကို အခြေခံခဲ့သည်။
လက်ပ်တော့ပ် ကွန်ပျူတာ Portable Computer များကို ရည်ညွှန်းရန် ကမ္ဘာပေါ်အချို့ဒေသများတွင် အင်္ဂလိပ်ဘာသာစကားဖြင့် လပ်တော့ နှင့် Notebook ဟူသော ဝေါဟာရကို အပြန်အလှန် အသုံးပြုခဲ့ကြသည်။ မူလဝေါဟာရ အမည်နှင့် ပတ်သက်၍ မေးမြန်းစရာ အချို့ရှိခဲ့သည်။ လပ်တော့ဟူသော ဝေါဟာရသည် ၁၉၈၀ ခုနှစ် အစောပိုင်းကာလများက Mobile Computer တစ်လုံးကို ရည်ညွှန်း၍ စကားလုံးထွင်ခေါ်ရာမှ ဖြစ်ပေါ်လာသည်။ ၎င်း Mobile Computer သည် one's lapဟူသောစကားကို ပိုမိုလေးလံသာ အစောပိုင်း Portable Computer များ( luggables ဟုလည်းခေါ်သည်) နှင့် ခွဲခြားရန် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ထုတ်လုပ်သူများသည် အလေးချိန်ကို လျော့ချထားသော ပိုမိုသေးငယ်သော သယ်ဆောင်ရလွယ်ကူသော ကွန်ပျူတာများကို ထုတ်လုပ်လာကြသည်။ ၎င်းလပ်တော့များတွင် A4 အရွယ်အစားခန့်ရှိ မျက်နှာပြင်တို့လည်း ပါဝင်လာခဲ့သည်။ ၎င်းတို့ကို ကြီးမားသောလပ်တော့များနှင့် ခွဲခြားရန် Notebook ဟု ဈေးကွက်တွင် ရောင်းချခဲ့သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် အခေါ်အဝေါ်မျာကို ဂရုမစိုက်မရှိတော့ဘဲ အပြန်ပြန်အလှန်လှန် အသုံးပြုခဲ့ကြသည်။
ပလေးစတေရှင် ပေါ့တေးဘဲလ် ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable၊ တရားဝင်အတိုကောက် PSP) သည် ဆိုနီ မှ ထုတ်လုပ်သော လက်ကိုင်ဂိမ်းစက် တစ်မျိုးဖြစ်သည်။ ၂၀၀၄ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ဆိုနီ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသခဲ့ကာ ဂျပန်နိုင်ငံတွင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် လည်းကောင်း၊ မြောက်အမေရိကတွင် ၂၀၀၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း အသီးသီးရောင်းချခဲ့သည်။
လက်ပ်တော့ပ် ကွန်ပျူတာ ၁၉၇၀ နောက်ပိုင်းကာလာအတွင်း Portable computer များကို စတင်ထုတ်လုပ်လာသောကြောင့် ၎င်းတို့၏ ပုံသဏ္ဍာန်မှာ သိသိသာသာ ပြောင်းလဲလာကြသည်။ ထုတ်လုပ်မှုအမျိုးမျိုးကွဲပြားသည့်အလျောက် နည်းပညာပိုင်း နှင့် အသွင်အပြင်တွင် ကွဲပြားသည့် လပ်တော့အမျိုးမျိုးပေါ်ထွက်လာကြသည်။ Ultrabook ဟုခေါ်သော ကွဲပြားသည့် တရားဝင်ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုရှိသည်မှလွဲ၍ ၎င်းတို့အကြားတွင် ကွဲပြားချက်မှာ အလွန်နည်းသည်။ လပ်တော့များကို ထုတ်လုပ်ရန် အသုံးပြုသော ပစ္စည်းအရင်းအမြစ်များမှာ အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိသည်။
ရေဒီယမ် ဆိုးဆေးများ တောက်ပစေရန် အတွက်အသုံးပြုပါသည်။ (radium bromide အနေနှင့်သုံးသည်) ရေဒီယမ်နှင့် ဘာယေလီယမ် ကို နယူထရွန်များ၏ လွယ်ကူရင်းမြစ်များ(Portable source of neutrons) အဖြစ်သုံးခဲ့ဖူးပါသည်။ ရေဒီယမ်ကို ကင်ဆာ ဆေးများထဲတွင် adon gas ကိုပြုလုပ်ဖို့ သုံးခဲ့ပါသည် ။ ၁၉ ရာစုနှစ် အစတွင် ရေဒီယမ်ကို ပေါင်းစပ် ပစ္စည်း အနေဖြင့် သွားတိုက်ဆေး၊ ဆံပင်လိမ်းဆေး နှင့် အစားအစာများတွင်လည်း ထည့်ပြီးသုံးခဲ့ကြပါသည်။
ပလေးစတေရှင် ပလေးစတေရှင်မျိုးဆက်၏ ပထမဆုံးသော လက်ကိုင်ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable or PSP) သည်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ အလုံးရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။ နောက်ထွက်မျိုးဆက်ဖြစ်သည့် ပလေးစတေရှင် ဗီတာ (PlayStation Vita) ကို ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖြန့်ချီခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ အလုံးရေ ၄ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။ ပလေးစတေရှင် ဂိမ်းစက်များ၏ အဓိက လက်ကိုင်ခလုတ်ဖြစ်သည့် DualShock အမျိုးအစား တုန်ခါနိုင်သည့် ဂိမ်းလက်ကိုင်ခလုတ်မှာလည်း ၂၀၀၈ ခုနှစ် ဇွန် ၂၈ ရက်နေ့အထိ ၂၈ သန်းကျော် ရောင်းချနိုင်ခဲ့သည်။
လက်ပ်တော့ပ် ကွန်ပျူတာ လပ်တော့တစ်လုံးသည် ကွန်ပျူတာမျက်နှာပြင်၊ သေးငယ်သော စပီကာများ၊ ကီးဘုတ်တစ်ခု၊ touchpad သို့မဟုတ် trackpad ကဲ့သို့သော pointing device များ၊ processor တစ်ခု၊ memeory စသော ပစ္စည်းများကို တစ်ခုတည်း ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ၍ ထွက်သော လပ်တော့အများစုတွင် webcam နှင့် မိုက်ခရိုဖုန်း တို့သည် တစ်ပါတည်း ပါဝင်လာခဲ့ပြီး အချို့တွင် မျက်နှာပြင်ကို ထိတွေ့စေခိုင်းနိုင်သော မျက်နှာပြင် () များပါလာခဲ့သည်။ လပ်တော့ကို ပြင်ပမှ လျှပ်စစ်အားဖြင့်သော်လည်းကောင်း၊ လပ်တော့တွင်ပါဝင်သော ဘက်ထရီဖြင့်သော်လည်းကောင်း အသုံးပြုနိုင်သည်။ လပ်တော့၏ မော်ဒယ်လ် () နှင့် တန်ဖိုးပေါ်မူတည်၍ အသုံးပြုသော Processor ၏ အမြန်နှုန်း၊ Memory ၏သိမ်းထားနိုင်သော data ပမာဏတို့သည် အမျိုးအစား အမျိုးမျိုးကိုလိုက်၍ ကွဲပြားမှုရှိသည်။ လပ်တော့၏ ပုံစံ၊ အသွင်အပြင် နှင့် ဖွဲ့စည်းတည်ဆောက်မှုတို့သည် အသုံးပြုရန် ရည်ရွယ်ထားသည့် နယ်ပယ်ကိုလိုက်၍ အပြောင်းအလဲ ရှိသည်။ ဥပမာအနေဖြင့် အကြမ်းပတမ်းခံစေရန် ပြုလုပ်ထားသော လပ်တော့များ()ကို ဆောက်လုပ်ရေးလုပ်ငန်းများ သို့မဟုတ် စစ်ရေးကိစ္စရပ်များအတွက် အသုံးပြုကြသည်။ One Laptop per Child အဖွဲ့အစည်း၏ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ထားသော လပ်တော့များတွင် ဆိုလာစနစ်ဖြင့်အားသွင်းခြင်း၊ လပ်တော့အများစုတွင် အသုံးပြုလေ့မရှိသော Semi-flexible Component များဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်။ Portable Computer ဟုခေါ်သော အလွယ်တကူ သယ်ယူရွေ့ပြောင်း၍ ရအောင်ပြုလုပ်ထားသော ကွန်ပျူတာများသည် နောက်ပိုင်းတွင် လပ်တော့များအဖြစ်သို့ ပြေင်းလဲလာခဲ့ကြသည်။ မူလက အသုံးပြုရန်ရည်ရွယ်ထားသည့် နယ်ပယ်တစ်ခု (ဥပမာ - စစ်ရေး၊ စာရင်းကိုင် အလုပ်များ၊ ခရီးသွားကိုယ်စားလှယ်များ) အတွက် ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။ Portable Computer များသည် လပ်တော့များအဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းလပ်တော့များကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။
လက်ပ်တော့ပ် ကွန်ပျူတာ 8-bit CPU ကွန်ပျူတာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်နှင့်အမျှ Portable Computer အရေအတွက်သည်လည်း လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် Zilog Z80 ကို အသုံးပြုထားသော Osbrone 1 ကို မိတ်ဆက်ခဲ့သည်။ ၂၃.၆ ပေါင် (၁၀.၇ ကီလိုဂရမ်) ရှိသည်။ ၎င်းတွင် ၅ လက်မ (၁၃ စင်တီမီတာ) CRT မျက်နှာပြင်တစ်ခု၊ dual 5.25 in (13.3 cm) single-density floppy drives တို့ပါဝင်သည်။ ဘက်ထရီ မပါဝင်ပေ။ ထိုနှစ်တွင် ပထမဆုံး လပ်တော့အရွယ်အစား ကွန်ပျူတာ Epson HX-20 ကို ကြေငြာခဲ့သည်။ ၎င်းတွင် LCD မျက်နှာပြင်တစ်ခု၊ အားသွင်းနိုင်သော ဘက်ထရီတစ်ခု၊ ဂဏန်းပေါင်းစက် အရွယ်အစားရှိသော ပရင်တာ () တစ်ခုပါဝင်သည်။ ထိုကာလတွင် Tandy/RadioShack နှင့် HP တို့သည် Portable Computer များကို ဒီဇိုင်းများ ပြောင်းလဲကာ ထုတ်လုပ်ခဲ့ကြသည်။ ခေါက်သိမ်းနိုင်သော ပထမဆုံးလပ်တော့သည် ၁၉၈၀ အစောပိုင်းနှစ်များက ပေါ်ထွက်လာခဲ့သည်။ ၁၉၈၁ - ၁၉၈၂ ခုနှစ်တွင် Dulmont Magnum ကို ထုတ်လုပ်ရောင်းချခဲ့သည်။ သို့သော် ၁၉၈၄ -၁၉၈၅ ခုနှစ်မတိုင်ခင်အထိ နိုင်ငံတကာတွင် ရောင်းချခြင်း မရှိခဲ့ပေ။ ၁၉၈၂ ခုနှစ်တွင် FriD Compass 1101 ကို ထုတ်လုပ်ခဲ့ပြီး နာဆာ၊ စစ်ဘက်ဆိုင်ရာ နှင့် အခြားနေရာများတွင် အသုံးပြုကြသည်။ FriD Compass 1101 ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ - ၈၁၅၀ (ယနေ့တန်ဖိုး အမေရိကန်ဒေါ်လာ - ၂၀၂၃၀) ရှိသည်။ Sharp PC-5000, Ampere နှင့် Gavilan SC တို့ကို ၁၉၈၃ ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့သည်။ ကုမ္ပဏီ၏ ပထမဆုံးသော ကွန်ပျူတာဖြစ်သည့် Gavilan SC ကို လပ်တော့တစ်လုံးအဖြစ် ဖော်ပြခဲ့သည်။ Ampere သည် ပတ္တာကဲ့သို့ ခေါက်၍ပိတ်သိမ်းနိုင်သော ခေတ်မီဒီဇိုင်းပါဝင်ခဲ့သည်။
ပလေးစတေရှင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၀၅ ခုနှစ် မတ်လတို့တွင် ဖြန့်ချီခဲ့သော ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable|PSP)သည် နစ်တန်းဒိုး ဒီအက်စ် ဂိမ်းစက်ကို ယှဉ်ပြိုင်ရန် ထုတ်လုပ်ခဲသော ဆိုနီ၏ ပထမဆုံး လက်ကိုင်ဂိမ်းစက် ဖြစ်သည်။ ဂိမ်းနှင့် ရုပ်ရှင်ဇာတ်လမ်းများ နှစ်မျိုးလုံး သိမ်းဆည်းနိုင်သည့် Universal Media Disc (UMD) ဟုခေါ်သော မှတ်ဉာဏ်မီဒီယာ ကို အသုံးပြုထားသော ပထမဆုံး ဂိမ်းစက်လည်း ဖြစ်သည်။ ၃၂ မီဂါဘိုက် ပမာဏရှိသော မန်မိုရီတပါတည်းပါရှိကာ Memory Stick PRO Duo ကဒ်များနှင့်လည်း တွဲဖက် အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းဂိမ်းစက်သည် PS3 ၏လက်ကိုင်ခလုတ်ပုံစံနှင့် ဆင်တူပြီး ပလေးစတေရှင် လိုဂိုနှင့် ပလေးစတေရှင် ခလုတ်များဖြစ်သည့် ('တြိဂံ')၊ ('အဝိုင်း/O')၊ ('ကြက်ခြေ/X') နှင့် ('လေးထောင့်') ခလုတ်များအား အဖြူရောင်ဖြင့် ထည့်သွင်းထားသည်။
သင်ပုန်းကွန်ပျူတာ Portable computers can be classified according to the presence and physical appearance of keyboards. Slates and booklets do not have a physical keyboard, and usually accept text and other input by use of a virtual keyboard shown on a touchscreen-enabled display. Hybrids, convertibles, and 2-in-1s all have physical keyboards (although these are usually concealable or detachable), yet they typically also make use of virtual keyboards. Some 2-in-1s have processors and operating systems like a full laptop, whilst having the flexibility of being used as a tablet. Most tablets can use separate keyboards connected using Bluetooth.