Top 10 similar words or synonyms for noikhopi

chongthu    0.752909

kho    0.733075

khaw    0.727029

commoner    0.723913

noigam    0.721895

mandrell    0.721851

fabulous    0.715154

indeterminate    0.714666

foundations    0.714183

anatoly    0.713682

Top 30 analogous words or synonyms for noikhopi

Article Example
ကူကီးလူမျိုး ဤသို့ဖြင့် Pu songthu ဦးဆောင်သောအဖွဲ့သည် Chungkhopi သို့ဦးတည်လာခဲ့ကြရာ လမ်းခရိီးတွင် Gulheupi ဟုခေါ်သော ဧရာမမြွေကြီးတကောင်၏ ပိတ်ဆို့နှောက်ယှက်ခြင်းကိုခံခဲ့ကြသောကြောင့် Pu songthu သည် သူ၏(Joudi-Chem) ဓါးကို ထုတ်ပြီခုတ်ရာ ထိုမြွေကြီးမှာခုနှစ်ပိုင်းတိတိ ပြတ်သွားသည်ဟုသိရှိရသည်။ ထိုနောက်ခရီးဆက် ခဲ့ကြရာ Pi nemneh ဟုအမည်ရသော မုဆိုးမအဖွားကြီးတဦးသည်။ လမ်းခုလတ်တွင်၎င်း၏ အရေးကြီးသော ပစ္စည်းတချို့ကို မေ့ကျန်ခဲ့သောကြောင့်ထိုပစ္စည်းများကို ပြန်ယူရန်မူလ Noikhopi သို့ပြန်သွားခဲ့သည်။ ထိုပစ္စည်းများမှာ-
ကူကီးလူမျိုး အချို့သော သမိုင်းမှတ်တမ်းများတွင် ဤကမ္ဘာမြေကြီးပေါ်သို့ရောက်ရှိရန် ဦးဆောင်သူသည် ထို Noikhopi( Bowels of earth) ကိုအုပ်ချူပ်ခဲ့သောရှင်ဘုရင်၏ သားတော်ဖြစ်သည်ဟု မှတ်တမ်းတင်ထားကြသောလည်း အချို့မှတ်တမ်းများတွင် ညီဖြစ်သည်ဟု တွေ့ရှိရလေသည်။ ဥပမာ အားဖြင့် Tuck နှင့် Betteran တို့၏ The Chin hill စာအုပ် Vol. 1, Chapter 12 ဖော်ပြချက်တွင် ရှင်ဘုရင်၏ညီ (King's brother )ဟုမှတ်တမ်းတင်ထားလေသည်။ သို့ရာတွင် (Tarun Goswami )၏ (Kuki life lore) စာအုပ်မှ ဖော်ပြချက်အရ Pu songthu မှာ Noimangpa ၏ သားတော်ဖြစ်ကြောင့်သိရှိရသည်။ သို့ဖြစ်၍ အထက်ပါမှတ်တမ်းအသီသီတို့ တွင် မည်သို့ပင်ဆိုစေကာမူ ၎င်းမှတ်တမ်းများအနက် တခုတည်းသော တူညီမူမှာအောက်ပြည်ဖြစ်သော (Khul)မှ အထက်အရပ် တို့ ရောက်ရှိလာသူမှာ Pu songthu သာလျင်ဖြစ်ကြောင်းကိုထင်ရှားစွာ မြင်တွေ့သိရှိနိုင်ပေသည်။ထိုအချက်ကို သုံးသပ်ခြင်း အားဖြင့် အချိန်ကာလ ကြာရှည်မူအပေါ်တွင် အုပ်စုတခုနှင့် တခုအကြား မှတ်တမ်းများအနည်းငယ် စီကွဲပြားလာခြင်းဖြစ်နိုင် သည်ကိုတွေ့ရှိရသည်။ ထို့အပြင် Pu.songthuနှင့် အတူပါလာသည့် အကြီးအကဲတို့၏ အမည်နာမများကို KUKI LIFE AND LORE စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားလေသည်။ ထိုပုဂိ¾ုလ်တို့၏ အမည်များမှာ--
ကူကီးလူမျိုး ကူကီးလူမျိုးများအနေဖြင့် မိမိတို့လူမျိုးများမှ သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက်မှစ၍ ယုံကြည်စွာဆုပ်ကိုင်လာခဲ့ကြသည့် ဆင်းသက်လာပုံသမိုင်းကြောင်း အကျဉ်းချုံ့မှာ အောက်ပါအတိုင်းဖြစ်သည် ကူကီးလူမျိုးအများစုတို့ ၎င်းတို့အား ရှေးပဝေသဏီ အချိန်က khul (ဂူ)မှတဆင့် ဆင်းသက်လာခဲ့သောရှင်ဘုရင်တပါး၏ ညီတော်ဖြစ်သူ Pu Songthu ၏မျိုးဆက်ဖြစ်ကြသည်ဟု ယုံကြည်လာခဲ့ကြသည်။ ထို (Khul) အားအချို့မှ Noi gam ဟုလည်းခေါ်ဆိုခဲ့ကြသည် ကူကီးစကားဖြင့် Khul မှာ ဂူဟုအဓိပ္ပါယ် သက်ရောက်ပြီး သဘာဝကျေက်ဂူ၊ လှိုင်ဂူတို့ကိုလည်း Khul ဟုပင်ခေါ်ဆိုသည်။ အချို့မှတ်တမ်းအရ ထိုဂူ khul ကို Noigam ဟုလည်းသိရှိရသည် Noigam မှာ Noi (အောက်)နှင့် Gam (တိုင်းပြည်)ဟု အဓိပ္ပါယ်ရရှိသည်ဖြစ်ရာ Khul နှင့် Noigam မှာ အနှစ်သာရအားဖြင့် တူညီနေပေသည် ထိုရာဇဝင်သမိုင်းကြောင်းအရ ထို Khul (သို့)Noigam ကို Noi mangpa မှ အုပ်ချူပ်ခဲ့ သည်ဟုသိရသည်။ Noi mangpa ဟူသည်မှာ အောက်ပြည်၊ အောက်နိုင်ငံ၏ အုပ်ချူပ်သူဟု အဓိပ္ပါယ်ရရှိသည်။ ထို Noi mang pa ရာထူးဆက်ခံခဲ့ကြသူများအနက် ပထမဆုံအုပ်ချူပ်သူမှာ Tungchin ဖြစ်ပြီ ဒုတိယအုပ်ချူပ်သူမှာ ၎င်း၏သား Chon kim ဖြစ်ကာ တတိယမင်းဆက်မှာ Chonkim ၏သား Taichin ဖြစ်သည်။ Taichin သည် Chongthu,Chonghen နှင့် Chongmang ဟုခေါ်သော သားသုံးယောက်ထွန်းကာခဲ့သည်။ ထိုသားသုံးယောက်အနက် Chongthu မှာ ကူကီးလူမျိုးများ ဖခင်ဖြစ်ကြောင်း ရာဇဝင်မှတ်တမ်းအရသိရသည်။ ထိုသမိုင်းကြောင်းကိုယုံကြည်လာခဲ့ကြသော ထာဒိုကူကီး လူမျိုးများမှ မိမိတို့ သည် Khul ဟု ခေါ်သော ကမ္ဘာ့မြေကြီး၏ မြေမျက်နှာပြင်အောက် (Bowels of earth)တွင်နေထိုင်ခဲ့သည့် Pu songthu မှဆင်း သက်လာခဲ့ကြ သူများဖြစ်သည်ဟု ခံယူခဲ့ကြသည်။ Pu songthu သည် Noigam(အောက်ပြည်)မှ အထက်ပြည်အထက်ရွာ (Chunggam)မှ လက်ရှိဒေသတို့ ရောက်ရှိလာခဲ့ပုံမှာ အောက်ပါဖော်ပြထားသည်အတိုင်းဖြစ်သည်။ Pu songthu သည် Khul (သို့) Noigam ဟုခေါ်သော အောက်ပြည်အောက်ရွာရှိ ၎င်း၏ခမည်းတော် Taichin ၏အုပ်ချူပ်မှုအောက်တွင်အစစအရာရာ လိုလေသေးမရှိဘဲ အဆောင်အယောင်အပြည့်ဖြင့် နေထိုင်လာခဲ့သည်။ ထို Taichin ကို Noimangpa ဟုလည်းခေါ်ဆိုရာ၎င်းကို အောက်ပြည်၏ ပြည့်ရှင်မင်း (သို့) အရှင်သခင်ဟု အဓိပ္ပါယ်ရရှိသည်။ ဤသို့ဖြင့် Pu songthu သည် ထိုဒေသတွင်ပျော်ရွင်စွာ နေထိုင်ခဲ့ရင် တနေ့သောအခါ သူ၏ခွေးနှင့် အမဲလိုက်သွားခဲ့ရာမှ နယ်ကျွံပြီ လက်ရှိလူသားများနေထိုသည့် ဤကမ္ဘာမြေကြီးသို့ ရောက်ရှိခဲ့ သည်ဟုထိုရာဇဝင်သမိုင်းအရ သိရှိရသည်ထိုနေရာသည် အလွန်သာယာသည့်အပြင်အသားငါးများပေါများပြိီ နေချင်စဖွယ် ဖြစ်သောကြောင့် Pu songthu သည် ထိုနယ်မြေသစ်တွင်နေထိုင်ရန် ဆန္ဒရှိလာခဲ့လေသည်။ ထိုကြောင့်လည်း Pu Songthu သည်ဖခင်ရှိရာ Noikhopi ဒေသသို့ ပြန်လာခဲ့ပြီး တချိန်တည်းတွင်လည်း ထိုဒေသသို့ရောက်ရှိနိုင်မည် နည်းလမ်းကို ရှာဖွေ ကြံစလာလေသည်။ ဖခင်ရှိရာ Noikhopi သို့ ပြန်ရောက်လာချိန်တွင် Pu Song thu သည် ၎င်း၏ ခမည်းတော် Tai chin ခေါ်သော Noimangpa (အောက်ပြည်အောက်ရွာကိုအုပ်ချုပ်အစိုးရသူ)နှင့် ဦးလေးတော်သူ Pu Chong ja တို့ထံ မိမိသည် အမဲလိုက်သွားရင်အထက်အရပ်၌ နယ်မြေသစ်ကို တွေ့ရှိခဲ့ကြောင်းနှင့် ထိုဒေသတွင် အသားငါးများပေါများကြွယ်ဝသည့် အပြင် တချိန်တည်းတွင်လည်းမိမိသည် ထိုဒေသသို့ နေထိုင်လိုသဖြင့် ခွင့်ပြုရန်တောင်းဆိုခဲ့လေသည်။သို့ရာတွင် ၎င်း၏ဖခင် Noimangpa နှင့် ဦးရီးတော်သူတို့မှသဘောတူခြင်း မရှိခဲ့ကြသောကြောင့် စိတ်မကောင်းစွာ ဖြစ်ခဲ့ရလေသည်။ PU Chongthu သည် ခမည်းတော်၏ ခွင့်ပြုချက်မရရှိသောလည်းထိုဒေသတိို့ အခြေချနေထိုင်လိုစိတ်မှာ အလွန်ပြင်းပြခဲ့သည်ဖြစ်ရာ အချိန်ရှိ သ၍ ထိုဒေသ (Chonggam) သို့ အခြေချနိူင်ရန်နည်းမျိုးစုံဖြင့် အကြံထုတ်ခဲ့လေသည်။ ဤသို့ဖြင့်နောက်ဆုံးတွင် Pu songthu သည် သူ၏အပေါင်းအသင်းတို့၏အကြံပေးချက်အရသူ၏ ခမည်းတော် Noimangpa ပွဲတော်တည်နေအချိန်တွင် ပြဿနာ ဖန်တီးပြီး ထိုမှတဆင့် မိမိဖြစ်လိုတော်အခြေအနေသို့ ရောက်ရှိနိုင်၇န်ဆက်လက်ပြီ မီးစင်ကြည့်ကလျက် မရရအောင် အကောင် အထည်ဖော်ရန်ဆုံးဖြတ်ချက် ချခဲ့လေသည်။ ထိုကြောင့်လည်း Pu songthu သည်သူ၏ အစီအစဉ်အတိုင်း ခမည်းတော် Noimangpa ပွဲတော်တည်နေတွင် အသုံးပြုရန် ၎င်း၏ဓါးအား အစွမ်းကုန် သွေးထားကာ ဓါးအိမ်ထဲတွင် စနစ်တကျသိမ်းထား ခဲ့လေသည်။ ထိုပွဲတော်သည်အလွန်စည်းကာတော်ပွဲတော်ဖြစ်သည်နှင့်အညီ Pu songthu သည်လည်းထိုပွဲတော်တွင် အထူး အစီအစဉ်တရပ်အနေဖြင့် ကရမည်ဖြစ်သည်။ ဤသို့ဖြင့် Pu songthu သည် သူကမည်အလဲရောက်သောအခါ သူ၏ဓါးကို ကိုင်ဆောင်ပြီးပွဲတော်သို့ရောက်လာသူများကို တယောက်ပြီးတယောက် ပိုင်လိုက်ရာ ထိုပွဲတော်အတွင်းတွင် သွေးချောင်းစီးပြီး ကြည့်မကောင်းမြင်မကောင်းဖြစ်ခဲ့ကြသည်။ ထိုအဖြစ်ကြောင့် ပရိသတ်များမှာ ထိန့်လန့်ကျပြီ ထိုပွဲတော်မှာလည်း ကြောက်မက် ဖွယ်ရာ နိဂုံးချုပ်ခြင်းခံခဲ့ရ သည်။ ဤသို့ဖြင့် သားတော်၏ လုပ်ရပ်ကြောင့် လူပုံအလယ်တွင်အရှက်တကွဲ အကျိုးနညး်ခဲ့ရသူ Noimangpa သည်၎င်း၏ သားတော် Pu songthu အားဆဲဆိုပြီး ထိုပွဲတော်အတွင်မှ မောင်းထုတ်ခဲ့လေသည်။ ဤသို့ဖြင့် ဒီယုန်မြင်၍ ဤခြံထွင်သော Pu songthu သည် ခမည်းတော်၏ ဆဲဆိုကြိမ်မောင်းမူအပေါ် အခွင့်ကောင်းယူကာ မိမိကြိုတင် စီစဉ်ခဲ့သည်အတိုင်း အခြွေအရံနောက်လိုက်များနှင့် Chungkhopi ဟုခေါ်သော် အထက်အရပ် ဒေသသို့စတင်ထွက်ခွာ လာခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။