Top 10 similar words or synonyms for nobel

kennedy    0.948813

price    0.941651

leicester    0.940939

arms    0.935464

congressional    0.934159

issn    0.933718

osprey    0.933430

da    0.932879

alfred    0.932048

bowers    0.931973

Top 30 analogous words or synonyms for nobel

Article Example
အောင်ဆန်းစုကြည်၊ ဒေါ် ရရှိခဲ့သည့် ဆုများ 4. Nobel Peace Oslo, Norway 1991
အဲလ်ဖရက် နိုဘဲလ် အဲလ်ဖရက် ဘနာ့ဒ် နိုဘဲလ် (Alfred Bernhard Nobel) (၁၈၃၃ - ၁၈၉၆) သည် ဆွီဒစ်လူမျိုး ဓာတုဗေဒပညာရှင် တစ်ဦးဖြစ်သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်သူအဖြစ် လည်းကောင်း၊ ဒိုင်းနမိုက် (ယမ်းဘီလူး) ကို တီထွင်သူ ပညာရှင်အဖြစ် လည်းကောင်း၊ နိုဗယ်ဆုများ၏ ဒါနရှင်အဖြစ် လည်းကောင်း ကျော်ကြားသူဖြစ်သည်။
ဒြပ်စင်အလှည့်ကျဇယား ၁၈၉၄ ခုနစ်တွင် Sir William Ramsay နှင့် Lord Rayleigh တို့သည် အစွမ်းမဲ့ ဓါတ်ငွေ့များ (nobel gas) ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဓာတ်ငွေ့များအား အလှည့်ကျဇယား၏ အုပ်စုနံပါတ် သုညတွင် ထည့်သွင်း သတ်မှတ်ခဲ့ပါသည်။
နယ်(လ်)ဆင် ရော်လီလှာလှာ မန်ဒဲလား မန်ဒဲလားသည် ဆယ်စုနှစ်လေးစုကျော်အတွင်း ဆုအရေအတွက်ပေါင်း ၂၅၀ ကျော်ရရှိခဲ့သည်။ ၎င်းဆုများအနက် ၁၉၉၃ တွင်ရရှိခဲ့သော Nobel Peace Prize (ငြိမ်းချမ်းရေး နိုဘယ်ဆု)မှာ အထင်ရှားဆုံးဖြစ်ပါသည်။ ၂၀၀၉ ခုနှုစ်၊ နိုဝင်ဘာလတွင် United Nations General Assembly (ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ) မှမန်ဒဲလား၏မွေးနေ့ဖြစ်သော ဇူလိုင် ၁၈ ရက်နေ့ကို 'Mandela Day' 'မန်ဒဲလားနေ့' ဟုသတ်မှတ်ပြီး ကမ္ဘာကြီးသို့ လွတ်မြောက်မှုအရသာကို မျှဝေပေးနိုင်သူအဖြစ် မှတ်တမ်းတင်ခဲ့သည်။
ရာဘင်ဒြာနတ် တဂိုး ၁၈၆၁ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ကဝိစာဆိုကြီး ရာဘင်ဒြာနတ်တဂိုး () (၇ မေ ၁၈၆၁ - ၇ ဩဂုတ် ၁၉၄၁)ကို ကြွယ်ဝချမ်းသာသော ပညာတတ် အထက်တန်းလွှာမိဘများက အိန္ဒိယနိုင်ငံ၊ ကလကတ္တား(ကိုးလ်ကတ္တား)မြို့၊ ဂျိုရာဆန်ကို (Jorasanko) အရပ်တွင် မွေးဖွားခဲ့သည်။ အိန္ဒိယနိုင်ငံ ကလာကတ္တားမြို့တွင် ကဗျာ၊ ဂီတ ဘက်မှာ ထင်ရှားကျော်ကြားသူဖြစ်ရုံသာမက ပန်းချီမှာဆိုလည်း ပါရမီရှိ သူဖြစ်သည်။ တဂိုးသည် ဂီတဉ္ဇလီကဗျာနှင့် ၁၉၁၃-ခုနှစ်တွင် စာပေဆိုင်ရာနိုဗယ်ဆု (Nobel Prize for Literature) ကိုရရှိခဲ့သည်။ တဂိုး၏ ရှန်တိနိကေတန် တက္ကသိုလ်ကြီးသည် အိန္ဒိယနိုင်ငံမှာ စာပေ အနုပညာ၊ ယဉ်ကျေးမှု နိုင်ငံတကာ တက္ကသိုလ်ကြီးအဖြစ် အခုချိန်ထိ တည်ရှိနေဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် မေလ ၈ ရက်နေ့တိုင်း ဆရာကြီး၏ မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်လေ့ရှိကြသည်။
ပဋိဇီဝဆေးများ ပဋိဇီဝဆေးဖြင့် ပထမဆုံး ကုသမှုကို ခရစ်နှစ် ၁၉၀၇ ခုနှစ် တွင် အဲလ်ဖရက် ဘာသိမ်း (Alfred Bertheim) နှင့် ပေါလ်အားလစ် (Paul Ehrlich) က ဆစ်ဖလစ် ရောဂါကုဆေး အာစ်ဖင်နမင်း (arsphenamine) ဆေးကို ရှာဖွေဖော်ထုတ် နိုင်မှု နှင့်အတူ စတင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဂျာဟာဒ် ဒွမ်မဂ် (Gerhard Domagk) က ပထမဆုံး ခန္ဓာကိုယ်တွင်း ဆေးအာနိသင် ထိရောက်မှု ရှိသော ပဋိဇီဝဆေး ဖြစ်သည့် ပရိုတွန်စေးလ် (prontosil) ကို ရှာဖွေဖော်ထုတ် နိုင်သောကြောင့် ၁၉၃၉ ခုနှစ်တွင် နိုဘယ်ဆု (Nobel Prize) ကို ရရှိခဲ့သည်။ ယနေ့ခေတ်တွင် အသုံးပြုနေသော ဆေးမျိုရင်းများအားလုံး မှာ ၁၉၈၀ ပြည့်နှစ်လွန်ပိုင်း မတိုင်ခင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နိုဘယ်လီယမ် နိုဘယ်လီယမ် သည် ရေဒီယိုသတ္တိကြွမှု မရှိသော ဒုတိယ transferium element အမျိုးအစားဖြစ်ပါသည်။ ၎င်း၏အတည်ငြိမ်ဆုံး အခြေအနေဖြစ်သည့် isotope (၂၅၉) တွင် သက်တမ်းဝက်(half life) ၅၈ မိနစ်ဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ အချက်အလက်များအရ ၎င်း၏ atomic number, half-life နှင့် isotopes အရေအတွက် ပမာဏမှာအနည်းအကျင်းသာဖြစ်သည်။ ၎င်းဒြပ်စင်၏ အလေးချိန်(atomic weight) ပြောင်းလည်းမှုများမှာ Isotopes(၂၄၉) မှ (၂၆၂)အထိရှိသည်။ဓာတုသင်္ကေတ No ဖြင့် ဖော်ပြသည်။ ၎င်း ဒြပ်စင်ကို နိုဗယ်လ်ဆုတည်ထောင်သူ ဆွီဒင်သိပ္ပံပညာရှင် Alfred Nobel အားအစွဲပြု၍ Nobelium ဟုအမည်ပေးခဲ့သည်။
နိုဘဲလ် ငြိမ်းချမ်းရေးဆု အဲလ်ဖရက် နိုဘဲလ် ၏ သေတမ်းစာအရ နိုဘဲလ် ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို နှစ်စဉ်နှစ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော့စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘဲလ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင်ကျင်းပပြီး၊ ဆုပေးပွဲကို အစဉ်သဖြင့် အော်စလိုမြို့တော် ခန်းမတွင် ကျင်းပသည်။ ဥပဒေဌာန၊ အော်စလိုတက္ကသိုလ်(၁၉၄၇-၈၉)၊ နော်ဝေးဂျီယံနိုဘဲလ် ဌာန(၁၉၀၅-၄၆) နှင့် ပါလီမန်(၁၉၀၁-၀၄)တို့တွင်လည်း ကျင်းပခဲ့သည်။ ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံ နိုဘဲလ် ကော်မတီ(Norwegian Nobel Committee) တာဝန်ယူ ဆောင်ရွက်ရသည်။
နိုဘဲလ်ဆု နိုဘဲလ်ဆုသည် ဆွီဒင် နိုင်ငံသား အဲလ်ဖရက် နိုဘဲလ်(Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘဲလ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘဲလ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် ဓာတုဗေဒ၊ ရူပဗေဒ၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ သွား၍ နာမည်ကျော် အင်ဂျင်နီယာ ဆရာကြီးတစ်ဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဘဲလ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။
ဖာမီယမ် ဖာမီယမ် () သည် ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခုဖြစ်ပြီး အက်တမ်အမှတ်စဉ် ၈၉ မှ ၁၀၃ရှိသော (Actinoids) အုပ်စုထဲတွင်ပါဝင်သည်။ ၎င်း၏ ဓာတုဗေဒ ဂုဏ်သတ္တိကို အသေးစိတ်လေ့လာရန် ခက်ခဲသော်လည်း လေ၊ ရေနွေးငွေ၊ အက်ဆစ် တို့ဖြင့်တိုက်စားလျှင် ငွေသတ္တုစပ်အဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ယူဆကြသည်။ Tm ကို (Actinoids) အုပ်စုထဲတွင် ၈ ခုမြောက်အဖြစ် ရှာတွေ့ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် Albert Ghiorso နှင့် သူ၏တွဲဖက် လက်ထောက်များက အပူထုတ်နယူကလီးယားပေါက်ကွဲခြင်း (Thermonuclear explosion) ဖြင့်ဓာတ်ခွဲခန်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၅၃ နှင့် ၁၉၅၄ ခုနှစ်အစောပိုင်းကာလများတွင် အက်တမ် အမှတ်စဉ် ၉၉ နှင့် ၁၀၀ တွေ့ရှိမှုကို လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ပုံနှိပ်ထုတ်ဝေခွင့်မပြုခဲ့ပေ။ ဆွီဇလန်နိုင်ငံ မြို့တော် Stockholm ရှိ Nobel Institute of Physics မှ အဖွဲ့တစ်ဖွဲ့သည် 238U ကို 16O ion နှင့် တိုက်ခိုက်စေခြင်းဖြင့် ၃၀ မိနစ်ခန့် ကြာသော alpha ရောင်စဉ်တန်း တစ်ခု သီးခြား ထွက်ပေါ်လာသည်။ ထို alpha ရောင်စဉ်တွင် atomic weight 250 ဝန်းကျင်နှင့် proton အရည်အတွက် 100 ပါဝင်နေသည်။ (တနည်းအားဖြင့်ဆိုသော် 100Fm250 ဖြစ်သည်)။ ထိုအဖွဲ့သည် ၎င်းတွေ့ရှိမှုအား ၁၉၅၄ ခုနှစ်တိုင်အောင် ကြေငြာနိုင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် Fm250 အိုင်ဆိုတုပ်အဖြစ် အတိအကျ သတ်မှတ်ခဲ့ကြသည်။ ၎င်းဒြပ်စင်၏ သက်တမ်းဝက်(half-life) မှာ ၃၀ မိနစ်ဖြစ်သည်။ ဖာမီယမ်၏ ဓာတုဗေဒ ဂုဏ်သတ္တိကို လေ့လာရန်မှာ မရှိသလောက်ဖြစ်သည်။ 254Fm နှင့် စွမ်းအားမြင့် အိုင်ဆိုတုပ်ပ်များမှ ပမာဏကြီးမားသော နယူထရွန်စီးကြောင်းကို ပလူတိုနီယမ်ဒြပ်စင် ကဲ့သို့ ထုတ်လွတ်ပေးသည်။ ဖာမီယမ်တွင် အိုင်ဆိုတုပ် ၁၆ ခု ပါဝင်ကြောင်း ုတွေ့ရှိနိုင်သည်။ 257Fm သည် ရက်ပေါင်း ၁၀၀.၅ အထိ သက်တမ်းရှည်နိုင်ပြီး 250Fm သည် ၃၀ မိနစ်သာခံသည်။ 250Fm ကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာအတည်ပြုကာ 120Nb (nobelium) ကိုထုတ်လုပ်သည်။