Top 10 similar words or synonyms for multiplayer

warriors    0.886629

simulation    0.879293

newbee    0.863781

goals    0.861543

eurosport    0.860733

complexity    0.858807

focusing    0.854591

closing    0.854493

ehome    0.846511

fifa    0.846030

Top 30 analogous words or synonyms for multiplayer

Article Example
မိုဘိုင်းလီဂန်းစ်:ဘမ်းဘမ်း မိုဘိုင်းလီဂန်းစ်:ဘမ်းဘမ်း () သည် Moonton ကုမ္ပဏီမှ ထုတ်လုပ်သည့် လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း (Multiplayer online battle arena (MOBA)) ဂိမ်းတစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို အန်းဒရွိုက်အတွက် ဇူလိုင်လ ၁၄ ရက် ၂၀၁၆ နှင့် iOS အတွက် နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ တွင် တစ်ကမ္ဘာလုံးအနေဖြင့် ဖြန့်ချီခဲ့သည်။
ဒိုတာ ၂ ဒိုတာ ၂ သည် အခမဲ့ လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း (multiplayer online battle arena (MOBA)) ဖြစ်ပြီး Valve ကော်ပိုရေးရှင်းမှ ရေးဆွဲထုတ်လုပ် ဖြန့်ချိခြင်းဖြစ်သည်။ ဤဂိမ်းကို မိုက်ခရိုဆော့ဖ် Windows ကွန်ပြူတာများ၊ Mac OSX နှင့် Linux များတွင်ဆော့ကစားရန် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချီခဲ့သည်။ မိုက်ခရိုဆော့ဖ် Windows များသာ ဆော့ကစားနိုင်သည့် စမ်းသပ်ဘီတာ ဂိမ်းကို ၂၀၁၁ တွင်ဖြန့်ခဲ့ပြီး နှင့် ဆက်စပ်ဂိမ်းဖြစ်သော The Frozen Throne များမှ Mod တစ်ခုဖြစ်သော Defense of the Ancient (DOTA ဟုလူသိများသော) ဂိမ်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ဒိုတာ ၂ ဂိမ်းသည် Steam ဂိမ်းဆော့ ပလက်ဖောင်းပေါ်တွင် လူဆော့အများဆုံးဂိမ်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ သန်းနှင့်ချီသော ကစားသမားများ လက်ရှိဆော့ကစားနေသော ဂိမ်းဖြစ်သည်။
အင်တာနက် အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါဝင်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။