Top 10 similar words or synonyms for mendeleev

theodor    0.770946

adolf    0.765262

oman    0.759013

cyrillic    0.758942

oliver    0.754464

austria    0.753298

dalai    0.742908

လဗမ    0.742893

lama    0.735845

anger    0.735425

Top 30 analogous words or synonyms for mendeleev

Article Example
ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် ၁၈၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မန်းဒယ်လိယပ် (Mendeleev) ကို အီဗန် ပါပလိုဗီချ် မန်ဒလိရပ် (Ivan Pavlovich Mendeleev) နှင့် မာရီးယား ဒီမီသရီအီဗန်နာ မန်ဒလိယပ် (Maria Dmitrievna Mendeleeva) တို့က သာဘို့ ( Tobolsk ) မြို့အနီးရှိ ရွာငယ်လေးတွင် မွေးဖွားခဲ့ပါသည်။
ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် ၁၉၀၇ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် အသက် ရ၂ နှစ် အရွယ် Mendeleev သည် စိန့်ပီတာစဘတ်မြို့ ၌ တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ ကွယ်လွန် ပြီးနောက် ဒြပ်စင်အမှတ် 101 အား mendelevium ဟု အမည် ပေးခဲ့ကြပါသည်။
ဒြပ်စင်အလှည့်ကျဇယား ၁၈၆၉ တွင် ရုရှားဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) မှ ရာစုနစ် များစွာက တွေ့ရှိခဲ့ကြသည့် ဒြပ်စင်များအား ဓာတုဂုဏ်သတ္တိများပါဝင်သော ဒြပ်စင်အလှည့်ကျဇယား (periodic table) တစ်ခုအဖြစ် ရေးဆွဲထုတ်ဖော် ခဲ့သည်။ periodic table သည် သဘာဝ၏ ဥပဒေသများကို လိုက်နာကိုယ်စားပြုသည်။ အက်တမ်များ၏ အက်တမ်အမှတ်စဉ်ကို စီစဉ်ပေးခြင်းအားဖြင့် တိကျသော ၎င်းတို့၏ ဂုဏ်သတ္တိများကို သိသာထင်ရှားစွာ မြင်သာ စေသည်။ထို့ကြောင့် ဓာတုဒြပ်စင်များ၏အကြောင်းကို အလွယ်တကူ သိရှိနိုင်ပါသည်။
ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် မန်းဒယ်လိယပ် (Mendeleev) သည် ဓါတုဗေဒနှင့် သက်ဆိုင်သော အခြား အရေးကြီးသည့် အချက် အလက်များ ကိုလည်း ကူညီ ထောက်ပံ့ ခဲ့သည်။ သူသည် ရုရှားနိုင်ငံ၏ ဓါတုဗေဒ နှင့် သိပ္ပံသုတေသီဆိုင်ရာ ပညာရှင် တစ်ဦး ဖြစ်သည်ဟု တချီဂေရဲဘ် (L.A. Tchugayev) က ထုတ်ဖော် ပြောဆို ခဲ့ပါသည်။ ထို့ပြင် မန်းဒယ်လိယပ်သည် ဓါတုဗေဒ ပါရမီရှင် တစ်ယောက်ဖြစ်သကဲ့သို့၊ ပထမတန်းစား ရူပဗေဒ ပညာရှင် နှင့် စီးပွားရေး နယ်ပယ်တွင် အသုံးချမှု အတွက် ကျွမ်းကျင်စွာ တွေးခေါ်နိုင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ အသီးအပွင့် ဖြစ်ထွန်းမှု လေ့လာခြင်း နယ်ပယ်တွင် အရည်၏ လှုပ်ရှားမှုဖြင့် (တွန်း)အား တစ်ခု ဖြစ်ပေါ်ကြောင်း ကို သိရှိခဲ့ပြီး၊ မိုးလေဝသ ဘာသာရပ်၊ ဘူမိဗေဒ ဘာသာရပ်၊ ဓါတုဗေဒနှင့် ရူပဗေဒ၏ စပ်ဆက်လျှက်ရှိသော အခြားသော စည်းမျဉ်းများ၊ ဓါတုဗေဒ နည်းပညာနှင့် စပ်ဆက်လျှက် ရှိသော ဘာသာရပ် အခွဲများ ( ဥပမာအားဖြင့် – ပေါက်ကွဲခြင်း၊ ရေနံနှင့် လောင်စာများ ) နှင့် စက်ရုံများတွင်လည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။
ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် သူ၏ အဘိုးမှာ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည်။ သူသည် မောင်နှမ ( ၁၄ ) ယောက်ထဲတွင် အငယ်ဆုံး ဖြစ်ခဲ့သည်။ ( ၁၃ ) နှစ်သားအရွယ်တွင် သူ့၏ အဖေဆုံးပါးခဲ့ပြီး သူ့အမေ ပိုင်ဆိုင်သော စက်ရုံသည် မီးလောင်၍ ပျက်စီးခဲ့သည်။ ၁၈၄၉ ခုနှစ်တွင် မန်ဒလိယပ် (Mendeleev) ၏ မိသားစုသည် စိန့်ပီတာစဘတ်မြို့ (Saint Petersburg) သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ၁၈၅ဝ တွင် ၎င်းမြို့၌ Main Pedagogical Institute ကျောင်းကို တက်ရောက်ခဲ့ပါသည်။ ဘွဲ့ရရှိခဲ့ပြီးနောက် သူသည် တီဘီရောဂါ (tuberculosis TB) ခံစားရပြီး ပင်လယ်နက် မြောက်ဘက် ကမ်းခြေပေါ်ရှိ ယူကရိန်းနိုင်ငံသို့ ၁၈၅၅ ခုနှစ်တွင် ပြောင်းရွှေ့ နေထိုင် ခဲ့ပါသည်။ ၎င်းနိုင်ငံတွင် Simferopol gymnasium №1. ကျောင်း၌ မဟာသိပ္ပံ ကျောင်းသား ဖြစ်လာခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ကျန်းမာရေး ကောင်းလာပြီး စိန့်ပီတာစဘတ်မြို့သို့ ပြန်လာခဲ့သည်။ ၁၈၅၉ ခုနှစ် နှင့် ၁၈၆၁ ခုနှစ်အကြားတွင် ဂျာမနီနိုင်ငံ အနောက် တောင်ဘက်ရှိ Heidelberg မြို့၌ သေးငယ်သော ဖန်ပြွန်ထဲရှိ အရည်၏ အတက်၊ အကျ အခြေအနေကို ရောင်စဉ်ကြည့် ကိရိယာကို အသုံးပြုပြီး လေ့လာခဲ့ပါသည်။
ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် ၁၈၆၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ရုရှား ဓါတုဗေဒဆိုင်ရာ အဖွဲ့အစည်း (Russian Chemical Society) ကို စတင် တည်ထောင်သူများ ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်ပါသည်။ စိုက်ပျိုး မွေးမြူရေးနှင့် ကုန်သွယ်မှု အခွန်ကြီးကြပ်ရေး တွင်လည်း စာတွေ့သာမက၊ လက်တွေ့ပါ လုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ Aether ၏ ဓါတုဗေဒ ဆိုင်ရာ ယူဆချက် ကြိုးပမ်းမှု အခြအနေတွင် အစွမ်းမဲ့ ဓါတုဗေဒဒြပ်စင် နှစ်ခု၏ atomic အလေးချိန်သည် ဟိုက်ဒရိုဂျင်ထက် နည်းကြောင်း အဆိုပြု တင်သွင်းခဲ့သည်။ ၎င်း ဒြပ်စင် နှစ်ခုအနက် ပိုပေါ့သော ဒြပ်စင်သည် အရာအားလုံးကို ထိုးဖောက်နိုင်ခြင်း၊ နေရာတကာ ပျံ့နှံ့လျက်ရှိသော ဓါတ်ငွေ့ တစ်ခုဟု ယူဆပြီး ၎င်းထက် အနည်းငယ် ပိုလေးသော ဒြပ်စင်မှာ ကရိုနီယမ် (coronium) ဒြပ်စင်ဟု မန်ဒလိရပ် (Mendeleev)က အဆိုပြုခဲ့သည်။ မန်းဒယ်လိယပ်သည် သူ၏ဘဝကို စာပေ လေ့လာမှုတွင် အများဆုံး မြုပ်နှံခဲ့ပြီး ပျော်ရည်ကဲ့သို့ မတိကျသော ကွန်ပေါင်းများ၏ သဘာဝနှင့် ပက်သတ်၍ အရေးကြီးသော အကြံပြု ဆွေးနွေးမှုများကိုလည်း လုပ်ဆောင်ခဲ့ပါသည်။ အခြားသော ရူပဓာတုဗေဒ ဌာန တွင်လည်း အပူကြောင့် အရည်၏ ထုထည် ပွခြင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး Gay-Lussac’s law (အငွေ့ထုထည် ပြန့်ကားခြင်းဆိုင်ရာ ဂုဏ်သတ္တိ) နှင့် ဆင်တူသော ပုံသေနည်း များကိုလည်း တွက်ထုတ်ခဲ့ပါသည်။ ၁၈၆၁ တွင် Thomas Andrews’ ၏ ဓာတ်ငွေ့ အပူချိန်နှင့် ပတ်သက်သော ယူဆချက်ကို ကြိုတင် ခန့်မှန်းခဲ့ပါသည်။ သူ့အား metric system ကို စတင် ဖော်ထုတ်သူ အဖြစ် ရုရှားအင်ပါယာမှ ဂုဏ်ပြု မှတ်တမ်းတင်ခဲ့သည်။ မန်းဒယ်လိယပ်သည် nitrocellulose ကို အခြေခံ၍ ကျည်မှုန့်အစား၊ မီးခိုးမှုန့်မထွက်သော အမှုန့်တမျိုး (pyrocollodion)ကို တီထွင်ခဲ့ပါသည်။ သို့သော်လည်း ရရှားရေတပ်မှ ၎င်း၏ ကုန်ကျစရိတ်နှင့် အကျိုး သက်ရောက်မှုတို့ကို ချိန်ဆပြကာ အသုံးပြုရန် မသင့်လျော်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ၁၈၉၂ တွင် သူသည် ၎င်းအား ထုတ်လုပ်နိုင်ရန် စုဆောင်းမှုများ ပြုလုပ်ခဲ့ပါသည်။ သူသည် ရေနံ၏ မူလ အစကို သိရှိရန် လေ့လာခဲ့ပြီး ရေနံသည် ကမ္ဘာမြေကြီးအောက် အလွန်နက်သော နေရာတွင် ရှိ၍ ၎င်းမူလ အစမှသာလျှင် ရေနံကို ရှာဖွေ တွေ့ရှိနိုင်သည်ဟု မှတ်ချက် ချခဲ့ပါသည်။ သူထုတ်ဝေခဲ့သော စာအုပ်များအနက် အထင်ရှားဆုံး စာအုပ်မှာ "ဓာတုဗေဒစည်းမျဉ်း" ပင် ဖြစ်သည်။