Top 10 similar words or synonyms for hyperlink

mysteryzillion    0.817703

gitawinthawdani    0.811277

js    0.802045

datacenter    0.799494

appliquée    0.796638

yee    0.795369

ask    0.795222

hotjava    0.794515

post_    0.791876

activestate    0.791761

Top 30 analogous words or synonyms for hyperlink

Article Example
ဝက်ဘ် Hyperlink များကို သရုပ်ဖော်ခြင်းဖြင့် WWW ၏ တစ်မိနစ် အချိန်ပိုင်းငယ်အတွက် graphic ကိုယ်စားပြုချက် hyperlink များကို ဖျောက်ဖျက်ခြင်း၊ နေရာပြန်လည်ချထားခြင်း သို့မဟုတ် မတူညီသော အကြောင်းအရာဖြင့် အစားထိုးခြင်း ပြုလုပ်ခြင်းဖြင့် web အရင်းမြစ် အများအပြားသည် အချိန်နှင့်အမျှ ညွှန်ုပြမှုများ ပြောင်းလဲနေသည်။ ဤသည်က hyperlink များကို အသုံးမဝင် ဖြစ်စေပြီး ဤထူးခြားမှုကို ကွင်းဆက်ပုပ်ခြင်း အဖြစ် ရည်ညွှန်းကာ ၎င်းကြောင့် ထိခိုက်သော hyperlink များကို ကွင်းဆက်သေများဟု ခေါ်လေ့ရှိသည်။ web ၏ သက်တမ်းတိုတောင်းလှသော သဘာဝက website အများအပြားကို ရရှိရန် ကြိုးစားမှုများစွာကို တွန်းအားပေးခဲ့သည်။ ၁၉၉၆ခုနှစ်တွင် စတင်ခဲ့သော Internet Archive သည် လူသိများသော ကြိုးစားမှုများထဲမှ တစ်ခုဖြစ်သည်။
ဝက်ဘ် အင်တာနက် နှင့် World Wide Web ဝေါဟာရများကို နေ့စဉ်သုံးစကားပြောများတွင် မကြာခဏ ပြောဆို သုံးစွဲကြသည်။ သို့သော် အင်တာနက်နှင့် World Wide Web မှာ တစ်ခုတည်းမဟုတ်သကဲ့သို့ တူညီမှုလည်းမရှိပါ။ အင်တာနက်သည် ကွန်ပျူတာ ကွန်ယက်များ အပြန်အလှန်ချိတ်ဆက်ထားသော ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခု ဖြစ်သည်။ ခြားနားမှုမှာ web သည် အင်တာနက်ပေါ်တွင် လုပ်ငန်းလည်ပတ်သော ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် စာရွက်စာတမ်းများနှင့် အခြားသော အရင်းအမြစ်များကို hyperlink များ၊ URL များဖြင့် အချင်းချင်း ချိတ်ဆက်ထားသော အစုအစည်းဖြစ်သည်။ အချုပ်ဆိုရသောweb သည် အင်တာနက်ပေါ်တွင် လုပ်ငန်းလုပ်ဆောင်သော အသုံးချ program တစ်ခု ဖြစ်သည်။World Wide Web ပေါ်ရှိ web စာမျက်နှာ တစ်ခုကို ကြည့်ရှုရန် စာမျက်နှာ၏ URL ကို web browser ထဲသို့ စာရိုက်သွင်းခြင်းဖြင့်လည်းကောင်း၊ ထိုစာမျက်နှာ သို့မဟုတ် အရင်းမြစ်သို့ ချိတ်ဆက်ထားသော hyperlink တစ်ခုနောက်သို့ လိုက်ခြင်းဖြင့်လည်းကောင်း စတင်လေ့ရှိသည်။ ထို့နောက် web browser သည် ခေါ်ယူရန်နှင့် စာမျက်နှာပေါ်တွင် ပြသရန် မြင်ကွင်းနောက်ကွယ်ရှိ ဆက်သွယ်ရေး message များ အတွဲလိုက်ကို စတင်လုပ်ဆောင်သည်။
Wp:wikilinks Wikipedia is based on hypertext, and aims to "build the web" to enable readers to easily access relevant information on other pages. The page from which the hyperlink is activated is called the anchor; the page the link points to is called the target.
အင်တာနက် မိုက်ခရိုဆော့(ဖ်)၏ Internet Explorer၊ Mozilla Firefox၊ Opera ၊ Apple ၏ Safari နှင့် Google Chrome ကဲ့သို့သော World Wide Web ၏ browser ဆော့(ဖ်)ဝဲများသည် စာရွက်စာတမ်းများအတွင်း မြုပ် ထား သော hyperlinkများမှ တဆင့် ဝက်(ဘ်)စာမျက်နှာ တစ်ခုမှတစ်ခုသို့ အသုံးပြုသူများအား လမ်းကြောင်းပြသည်။ ဤစာရွက်စာတမ်းများတွင် ဂရပ်ဖစ်များ၊ အသံများ၊ စာသားများ၊ ဗီဒီယို၊ မီဒီယာမျိုးစုံနှင့် ကစားနည်းများ၊ ရုံးသုံး အသုံးချပရိုဂရမ်များနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သရုပ်ပြခြင်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အကြောင်းအရာများ စသည့် ပေါင်းစပ်ထားသော ကွန်ပျူတာဒေတာများလဲ ပါဝင်နိုင်ပါသည်။ ယာဟူး နှင့် ဂူးဂဲ(လ်)တို့ကဲ့သို့ ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသော သော့ချက်စကားလုံးတို့ဖြင့် မောင်းနှင်သည့် အင်တာနက် သုတေသနပြုမှုမှ တဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများသည် များပြားပြီး အမျိုးအစား စုံလင်လှသော အွန်လိုင်း သတင်းအချက်အလက်များသို့ လွယ်လွယ်ကူကူနှင့် ချက်ချင်းဆိုသလို ဝင်ရောက်ကြည့်ရှုခွင့် ရပေသည်။ ပုံနှိပ်ထားသော စွယ်စုံကျမ်းများ၊ ရှေးရိုးရာ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင် World Wide Web သည် သတင်းအချက်အလက်များကို ဗဟိုမှထိန်းချုပ်မှုအား ခွဲဝေပေးခြင်းကို စွမ်းဆောင်နိုင်သည်။
အင်တာနက် လူအများတို့က အင်တာနက် နှင့် World Wide Webသို့မဟုတ် ဝက်(ဘ်) ဟူသော ဝေါဟာရများကို အလဲအလှယ်လုပ်၍ အသုံးပြုကြသော်လည်း ယင်းဝေါဟာရများမှာ မူလအဓိပ္ပါယ်တူခြင်း မရှိပါချေ။ World Wide Web ဆိုသည်မှာ hyperlink များဖြင့် ကျိုးကြောင်းဆီလျော်စွာ အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဆင်တူသော အရင်းအမြစ် ခွဲခြားပေးသူများ (Uniform Resource Identifiers) (URIs) အဖြစ် ရည်ညွှန်းသော တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စာရွက်စာတမ်းများ၊ ရုပ်ပုံများနှင့် အခြား အရင်းအမြစ်များ ဖြစ်ပါသည်။ URI များသည် ထောက်ပံ့ သူများအား ဝန်ဆောင်မှုများ လက္ခဏာသင်္ကေတဖြင့် ခွဲခြားရန်၊ ဖောက်သည်များကို စာရွက်စာတမ်းများ သိုလှောင်ထားသည့် ဝက်(ဘ်)ဆာဗာများ၊ ဖိုင်ဆာဗာများနှင့် အခြားဒေတာဘေ့(စ်)များ ရှာဖွေရန်နှင့် ရည်ညွှန်းရန် ခွင့်ပြုထားသည်။ အရင်းအမြစ်များဖြင့် ထောက်ပ့ံပေးထားပြီး၊ ဝက်(ဘ်)၏ အခြေခံသယ်ယူပို့ဆောင်ရေး ပရိုတိုကောဖြစ်သော ဟိုက်ပါတက်(စ်)ထရန်စဖာ ပရိုတိုကော(HTTP) ကို အသုံးပြု၍ ယင်းတို့ကို ရယူနိုင်ရန် ခွင့်ပြုထားသည်။ HTTP သည် အင်တာနက်ပေါ်တွင် အသုံးပြုသော ရာပေါင်းများစွာသော ဆက်သွယ်ရေး ပရိုတိုကော များထဲမှ တစ်ခုသာလျှင်ဖြစ်ပါသည်။ ဆော့(ဖ်)ဝဲစနစ်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ လောဂျစ်နှင့် ဒေတာများကို ဝေငှခြင်းနှင့် ဖလှယ်ခြင်းတို့ ပြုလုပ်ရန်အတွက် ဆက်သွယ်ခွင့် ပြုရန် HTTP အား ဝက်(ဘ်)ဝန်ဆောင်မှုများက အသုံးပြုနိုင်ပါသည်။