Top 10 similar words or synonyms for hazardous

low    0.669177

penetration    0.648737

scale    0.644304

plant    0.643635

chemical    0.641676

plants    0.641317

gas    0.631557

structure    0.628001

bonds    0.625637

composition    0.623651

Top 30 analogous words or synonyms for hazardous

Article Example
ညစ်ညမ်းဓါတ်ငွေ့လျှော့ချရေး နိုင်ငံတာကာစာချုပ်များ လေထုညစ်ညမ်းမှုတွေကို အဓိကဖြစ်စေတဲ့ စက်ရုံတွေက ထွက်ရှိလာတဲ့ ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ ဆာဖာအောက်ဆိုက်ဒ်၊ နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊ ငွေ့ပျံလွယ် အော်ဂန်းနစ်ဒြပ်ပေါင်း (Volatile Organic Compounds, VOCs)၊ လေထုထဲမှာ သီးခြားတွဲခိုနေသောဒြပ်များ (Suspended Particulate Matter)၊ အောက်ဆီဂျင်ပါ ဓာတုပုံဆောင်အငွေ့များ (Photochemical Oxidants)၊ ရေဒီယိုသတ္တုကြွပစ္စည်းများ၊ ကင်ဆာရောဂါနဲ့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ဖြစ်ပေါ်စေနိုင်တဲ့ လေထုညစ်ညမ်းဓာတ်ငွေ့များ (Hazardous Air Pollutants) ဖြစ်ပါတယ်။
လက်ပံတောင်းတောင်အစီရင်ခံစာ (၂၉)ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MEHL) ၏ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ် စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ပြီး စက်ရုံနယ်မြေ အတွင်းရှိ စက်နှင့် စက်ပစ္စည်းများ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲ ပစ္စည်းများ၊ စွန့်ပစ် စုပုံသည့် ကန်များ၊ နေရာများကို ကွင်းဆင်း လေ့လာ ကြည့်ရှု စစ်ဆေးခဲ့ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိသေးကြောင်း၊ ဦးပိုင်၏ စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကာကွယ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ISO Certificate ရယူထားခြင်း မရှိသေးကြောင်း တွေ့ရှိရသဖြင့် ဤအက်စစ် စက်ရုံသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းစက်ရုံ (Hazardous Chemical Plant) အတန်းအစား ဖြစ်သောကြောင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားရန် လိုအပ်ကြောင်း၊ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင် အောက်ဆိုက် SO2 ပါဝင်မှုကို 150 ppm ထက် မများစေရန် သတ်မှတ် ထိန်းချုပ်၍ စွန့်ထုတ်သင့်ပါသည်။ ဤအချက်ကို စိစစ်နိုင်ရန် စက်ရုံအနေဖြင့် နိုင်ငံတကာ ပြဋ္ဌာန်း ချက်များ၊ စံချိန်စံညွှန်း များနှင့်အညီ ISO Certificate များလည်း ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။
လက်ပံတောင်းတောင်အစီရင်ခံစာ ၄၇။ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံ ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း၊ ဦးပိုင်၏ စီးပွားရေး လုပ်ငန်း တစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ် (International Organization for Standardization: ISO Certificate) လည်း ရယူထားခြင်း မရှိကြောင်း၊ ကြေးနီမိုင်း၏ လိုအပ်ချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူရစ် အက်စစ် နေ့စဉ် တန် ၅ဝ ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂ဝဝ၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉-၄-၂ဝဝ၇ ရက်နေ့တွင် စတင်လည်ပတ် ထုတ်လုပ် ခဲ့ကြောင်း၊ ခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေ မြင့်ပြီး စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင် အောက်ဆိုဒ် (SO2) ပါဝင်မှုကို 150 ppm (parts per million) ထက် မများစေရန် သတ်မှတ် ထိန်းချုပ် စွန့်ထုတ်ကြောင်း၊ ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒ ပစ္စည်းစက်ရုံ (Hazardous Plant) အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း စက်ရုံမှူး၏ ရှင်းလင်း တင်ပြချက် အရ သိရှိခဲ့ရသည်။
အက်စ်ဝိုင်အော်ရိုရာ မျောပါခြင်း အန္တာတိက်နွေ အားပျော့လာသည့်နှင့်အညီ အော်ရိုရာ နောက်တနှစ် ထပ်ပိတ်မိနိုင်သည်ကို တွေးမိသော စတန်းဟောက်သည် ရိက္ခာနှင့် လောင်စာဆီများကို တွက်ဆပြီးနောက်၊ ဖျံ၊ ပင်ဂွင်းကို များများ ဖမ်းရန် အမိန့်ပေးသည်။ This proved difficult, as the soft state of the ice made travel away from the ship hazardous. သင်္ဘောကို ဝန်းရံထားသော ရေခဲများ အရည်ပျော်လာ၍၊ သစ်ပြားအစပ်များ ပွင့်ပြီး၊ ပန့်များပုံမှန် အလုပ်လုပ်အောင် လိုသော ရေများ တနေ့လျှင် သုံး-လေးပေ(တမီတာ)ခန့် ဝင်နေသည်။ ဖေဖော်ဝါရီ ၁၂ တွင် သင်္ဘောသားများ အလုပ်များနေစဉ်၊ သင်္ဘောတဝိုက်ရေခဲများ နောက်ဆုံး ကွဲထွက်သွားသည်။ မိနစ်အနည်းငယ်အတွင်း ရေခဲချပ် တခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားကာ၊ ရေပင်လယ် ပွင့်ကာ၊ အော်ရိုရာမှာ လွတ်လပ်စွာ ပေါလောပေါ်လာသည်။ နောက်တနေ့တွင် ရွက်များ ဆင်ရန် စတန်းဟောက်က အမိန့်ပေးသော်လည်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် လက်ကျန် ရေခဲထုကြောင့် ရပ်သွားပြီး၊ နှစ်ပတ်ကျော်ကျော် မရွေ့နိုင်ခဲ့။ ကျောက်မီးသွေး နည်းနေ၍ စတန်းဟောက်က အင်ဂျင်ကို မခုတ်ရက်သော်လည်း၊ မတ်လ ၁ ရက်တွင် မလွဲသာသည့်အဆုံး ခုတ်မောင်းရန် ဆုံးဖြတ်ကာ၊ အင်ဂျင်ကို အရှိန်မြှင့်ရန် အမိန့်ပေးလိုက်သည်၊ နောက်တနေ့တွင် အင်ဂျင်အားကြောင့် သင်္ဘောသည် ရှေ့သို့ တက်လာသည်။ ရပ်လိုက် စလိုက်နှင့် မတ် ၆ တွင် ကျီးသိုက်မှ နေ၍ ရေခဲထု အစွန်အဖျားကို မြင်လာသည်။ မတ် ၁၄ တွင် ရေခဲထုကို နောက်ဆုံး ရှင်းနိုင်သွားပြီး၊ ရေမိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၃၀၀၀) ကျော် ၃၁၂ ရက်ကြာ မျောပါခြင်း အဆုံးသတ်သွားသည်။ လတ္တီကျု ၆၄ ဒီဂရီ ၂၇ မိနစ် တောင်၊ လောင်ဂျီကျု ၁၅၇ ဒီဂရီ ၃၂ မိနစ် အရှေ့တွင် ပင်လယ်ပြင်သို့ ရောက်လာသည်ဟု သင်္ဘောအခြေအနေကို စတန်းဟောက်က မှတ်တမ်းတင်သည်။