Top 10 similar words or synonyms for graphics

multi    0.969610

processors    0.969350

features    0.964964

idea    0.961614

tools    0.960648

using    0.960113

usp    0.960044

computers    0.958150

via    0.957375

format    0.954189

Top 30 analogous words or synonyms for graphics

Article Example
Business presentation graphics စီးပွားရေးလုပ်ငန်းနယ်ပယ်တစ်ရပ်တွင် ဂရပ်ဖစ်ပုံဖော်ချက်များ ဖန်တီးပေးရန် ဒီဇိုင်းပုံစံ ထုတ်ထားသော အထူးဂရပ်ဖစ် ပရိုဂရမ်များ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများသည် ဂရပ်ဖစ်ပစ္စည်း(တခါတရံတွင် ဇယားများ၊ ဂရပ်ဖစ်များကို ရည်ညွှန်းသည်) အနည်းအကျဉ်းမျှသာ လိုအပ်သည်ဟု ယင်းပရိုဂရမ်များက ယူဆထားကြသည်။ ဂရပ်ဖစ်ပုံများ( graph image)၊ text ဇယားများ(Text Table)၊ ဖွဲ့စည်းပုံဇယားများ (Organization chart) ၊ ကုန်စည်စီးဆင်းမှု ဂရပ်များ (Chart) စသည်တို့ဖြစ်သည်။ Business presentation graphic တွင် အချက်အလက်နှင့် ကိန်းဂဏန်းများအား မည်ကဲ့သို့ ဖော်ပြလိုသည်ကို သတ်မှတ်ပေးရသည်။ ကျန်သည့် အပိုင်းကို ဂရပ်ဖစ်ပရိုဂရမ်များက တာဝန်ယူပြီး သတ်မှတ်ထားသည့် ဂရပ်များ၊ ဇယားများရေးဆွဲပေးသည်။ ထို့နောက်တွင် မိမိအနေဖြင့် ကိုယ်ပိုင်အသုံးပြုရန် ဂရပ်များ၊ ဇယားများကို ပိုမိုကောင်းမွန်အောင် ဖန်တီးယူနိုင်သည်။ Business presentation graphics များစွာတွင် disk ပေါ်မှ ဖိုင်များကို အထူးဆောင်ရွက်မှုနယ်ပယ်ဆီသို့ ပို့ပေးပြီး ဆလိုက်ကားချပ်များ (slide) အဖြစ် ဖန်တီးယူနိုင်သည်။ မိမိအနေဖြင့် slide projector (ဆလိုက်ကားပြစက်) အသုံးပြုပြီး ဆလိုက်ပုံများကို ဖော်ပြပေးနိုင်ပါသည်။ ဘက်စုံလူထုဆက်သွယ်ရေး PC များ ပေါ်လာသည့်အခါတွင် business presentation ပရိုဂရမ်များစွာသည် အသုံးပြုသူ၏ ဂရပ်ဖစ် ပုံဖော်ချက်များတွင် အသုံနှင့် လှုပ်ရှားမှုများကို ဖြည့်စွက်ပေးလာကြသည်။ ဤလုပ်ငန်းနယ်ပယ်တွင် လက်ရှိနည်းပညာမှာ အလျင်အမြန်တိုးတက်နေပါသည်။
လက်ပ်တော့ပ် ကွန်ပျူတာ လပ်တော့အများစုတွင် စွမ်းအား နှင့် နေရာလပ်များကို ထိန်းသိမ်းရန် Graphical Processing Unit (BPU) တစ်ခုကို CPU ထဲတွင်တပ်ဆင်ထားသည်။ ဤနည်းပညာသည်၂၀၁၁ ခုနှစ်တွင် Intel ၏ Core I-series of mobile processor များတွင်ပါဝင်လာခဲ့သည်။ ယခင်က lower-end machine များသည် System Chipset ထဲတွင် တပ်ဆင်ထားသော Graphics Processor များကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ Higher end machine များတွင် သီးခြား Graphical Processor တစ်ခုပါရှိသည်။ ယခင်က လပ်တော့များတွင် သီးခြား Graphical Processor မပါဝင်သည့်အတွက် ဂိမ်းများကစားရန် နှင့်3D Graphics များပါဝင်သော Professional Applications များကို အသုံးမပြုနိုင်ပေ။ CPU တွင် တပ်ဆင်ထားသော Graphics သည် လွန်ခဲ့သောနှစ်အနည်းငယ်က low-end of dedicated graphics များနှင့် အလားတူပင် ဖြစ်သည်။ Higher-end laptops သည် ဂိမ်းကစားခြင်း၊ Professional 3D Work များအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားသည်။ အချို့အခြေအနေများတွင် motherboard ပေါ်တွင်dual graphics processors သို့မဟုတ် internal expansion card တို့ကိုပင် အသုံးပြုကြသည်။ လပ်တော့များအားလုံးနီးပါးတွင် ၂၀၁၁ ခုနှစ်ကတည်းက လိုအပ်သလို အလှည့်ကျလုပ်နိုင်သော graphics များပါဝင်လာခဲ့သည်။ Dedicated graphics processors များ၏ မြင့်မားသော လုပ်ဆောင်ချက်များကို မလိုအပ်ပါက စွမ်းအားအတွက်ပိုမိုကောင်းမွန်သော integrated graphics processor ကို အသုံးပြုသည်။ Nvidia Optiums သည် Switchable graphics ၏ ဥပမာပုံစံတစ်ခု ဖြစ်သည်။
ကားလ် အိုက်ခန် ၂၀၁၀ ဖေဖော်ဝါရီတွင် Icahn သည် Gemzyme ဘုတ်အဖွဲ့တွင် နေရာ ၄ နေရာယူနိုင်ရန် ကြိုးစားခဲ့သည်။ လတ်တလောတွင်တော့ Icahn သည် Yahoo! ကို လွှဲပြောင်းရယူရန်နှင့် Microsoft Web Company ၏ CEO ရာထူးကို လက်ရှိပိုင်ဆိုင်သူ Jerry Yang ထဲမှ ကုမ္ပဏီကိုဝယ်ယူရန်လည်း စိတ်ဝင်စားလျက်ရှိ သည်။ ၂၀၀၈ ဇွန်လတုန်းက Icahn သည် ရှယ်ယာပိုင်ဆိုင်သူများ၏အခွင့်အရေးကို ဖော်ပြလှုံ့ဆော်ထား သည့် The Icahn Report ကိုထုတ်ခဲ့သည်။ ထိုမှတ်တမ်းစာစောင်ကို United Shareholders of America တွင်လက်ခံရယူနိုင်ပြီး ထိုနေရာတွင် ရင်းနှီးမြှုပ်နှံလိုသူများ စာရင်းသွင်းကာ ပါဝင်နိုင်လေသည်။ ဇွန်လ ၂၀၁၀ တွင် Mentor Graphics က Poison Pill အတွက်ထောက်ပံ့ရန် သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် Icahn သည် Mentor Graphics တွင် ရှယ်ယာ ၁၄ ရာခိုင်နှုန်းခန့် ပါဝင်သူဖြစ်လာ သည်။ ၂၀၁၀ စက်တင်ဘာတွင် Mentor Graphics တွင် Icahn ပိုင်သောရှယ်ယာမှာ ၁၅ ရာခိုင်နှုန်းထက် မလျော့နည်းခဲ့ပေ။
Java (programming language) လွယ်ကူသော Animation များကို အသုံးပြုရာတွင် Java အပလက်ထက်စာလျှင် [[Graphics Interchange Format|GIF]]89a နှင့် [[Adobe Flash]] ကို အသုံးပြုကြသည်က များ၏။ ယနေ့ခေတ် Web Client နယ်ပယ်တွင် [[Ajax]] သည်လည်း ခေတ်စားလာခဲ့၏။
မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် Graphical User Interface ကို အသုံးပြုထားသည့် အစောဆုံး Windows version များဖြစ်သည်။ များသောအားဖြင့် ယင်းတို့ကို MS-DOS အပေါ်မှာတင်၍ run ထားပြီး ၎င်းတို့ကို file system services များအတွက် အသုံးပြုခဲ့သည်။ အစောဆုံးဟု ယူဆနိုင်သည့် 16-bit Windows version များတွင် operating system ၏လုပ်ဆောင်ချက်များ မပါဝင်ပေ။ ၎င်း၏ ကိုယ်ပိုင် executable file format များနှင့် ကိုယ်ပိုင် device drivers (timer, graphics, printer, mouse, keyboard )စသည့် application များအတွက် လိုအပ်ချက်များလည်း မပါဝင်ပေ။ MS-DOS နှင့်မတူသည်မှာ Windows သည် အသုံးပြုသူများအား အမျိုးမျိုးသော graphical application တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။