Top 10 similar words or synonyms for françois

juan    0.867921

franklin    0.856448

italy    0.841671

paris    0.841435

alfred    0.841238

saint    0.840526

sint    0.839052

france    0.839044

frankfurt    0.836458

ireland    0.836328

Top 30 analogous words or synonyms for françois

Article Example
ချဒ်သမ္မတနိုင်ငံ ၁၉၆၀တွင် ဖရန်ကိုစ်တွမ်ဘော်လ်ဘေး (François Tombalbaye) ၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးရခဲ့သည်။ မူဆလင်များအပေါ် မမျှတစွာ ဆက်ဆံသော သူ၏ မူဝါဒများကြောင့် ၁၉၆၅တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ ၁၉၇၉တွင် သူပုန်အဖွဲ့မှ မြို့တော်ကို သိမ်းပိုက်ပြီး တောင်ပိုင်းသားတို့၏ လွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ သို့ရာတွင် သူပုန်ခေါင်းဆောင်များကြား အချင်းချင်း စစ်ခင်းခဲ့ကြပြန်သည်။ နောက်ဆုံးတွင် သူပုန်ခေါင်းဆောင်ဟစ်ဆင်ဟေဘရယ်(Hissène Habré) က အနိုင်ရခဲ့သည်။ ၁၉၉၀တွင် သူ၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်အီဒရစ်စ်ဒေဘီ (Idriss Déby) က ဖြုတ်ချလိုက်ပြန်သည်။ မကြားသေးမီကဖြစ်ပွားခဲ့သော ဒါဖာအရေးအခင်းကြောင့် ဆူဒန်နိုင်ငံဘက်မှ စစ်ပြေးဒုက္ခသည်များ နိုင်ငံရေးမတည်ငြိမ်သော ချဒ်နိုင်ငံ အရှေ့ပိုင်းသို့ လှိမ့်ဝင်လာကြသည်။
ကား ဆွစ်ဇာလန်မှ တီထွင်သူ ဖရန်ဆွိုက် အိုင်ဆက်ဒီ ရီဗက်ဇ် (François Isaac de Rivaz) မှ ၁၈၀၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အရောအနှောကို လောင်စာအဖြစ်အသုံးပြု၍ ပထမဆုံး အတွင်း၌ပေါက်ကွဲသော အင်ဂျင် (internal combustion engine) ကို ဒီဇိုင်းထုတ်ခဲ့ပြီး ထိုမှတဆင့် အခြေခံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော မော်တော်ယာဉ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ထိုဒီဇိုင်းမှာ အလွန်တရာ အောင်မြင်မှု မရခဲ့ပဲ ဆယ်မြူရယ် ဘရောင်း၊ ဆယ်မြူရယ်မိုရေး နှင့် ကြံ့ယာဉ် (hippomobile) ပြုလုပ်သော အီတီယန် လန်နွာ(Etienne Lenoir) တို့ ထုတ်လုပ်ခဲ့သော လှည်းနှင့်တွန်းလှည်းများကို အခြေခံ၍ ကိုးရိုးကားရား အတွင်း၌ပေါက်ကွဲသော အင်ဂျင် တပ်ဆင်ထားသော အခြားယာဉ်များမှာလည်း အလားတူပင်ဖြစ်သည်။
ကွန်ဆာဗေးတစ် ဝါဒ ကွန်ဆာဗေးတစ်ဝါဒ (Conservatism ) ဆိုသော စကားလုံးမှာ လက်တင်ဘာသာ conservare မှ ဆင်းသက်လာပြီး ထိန်းသိမ်းရန်ဟု အဓိပ္ပာယ် ရသည်။ ကွန်ဆာဗေးတစ် ဝါဒမှာ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အတွေးအမြင် တစ်ခုဖြစ်ပြီး ထုံးတမ်းစဉ်လာ နှင့် မဏ္ဍိုင်များကို ထိန်းသိမ်းပြီး မဖြစ်နိုင်သည့် အဆုံးတွင် လူ့အဖွဲ့အစည်းအတွင်း အနည်းဆုံးနှင့် ဖြည်းဖြည်းချင်း ပြောင်းလဲရန် လိုလားသော အတွေးအခေါ်မျိုးဖြစ်သည်။ အချို့သော ကွန်ဆာဗေးတစ်များသည် အားလုံးကို တည်ငြိမ်စွာ ဆက်လက်ရှိနေစေရန် အရာအားလုံးကို သူ့နဂိုရ်အတိုင်း ထိန်းသိမ်းသွားရန် လိုလားသည်။ ထိုအသုံးအနှုံးကို ပြင်သစ် တော်လှန်ရေး အပြီး ၁၈၁၉ တွင် ဖရန်ဆွိုက် ရီနေးဒီ ချက်တူး ဘရိုင်ယန် (François-René de Chateaubriand) က စတင် အသုံးပြုခဲ့သည်။ ထိုအချိန်မှစပြီးလျှင် အတွေးအမြင်များစွာတို့အတွက် ထိုအသုံးအနှုန်းကို သုံးနှုန်းကြလေသည်။
ရှုံးပွဲမရှိ (ရုပ်ရှင်) ရှုံးပွဲမရှိ (Invictus) ရုပ်ရှင်ဇာတ်ကားသည် ၁၉၉၅ ခုနှစ် တောင်အာဖရိကနိုင်ငံတွင် ရဂ်ဘီ ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန် အတောအတွင်း သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ၏ ဘဝ အဖြစ်မှန်ကို အရင်းခံ ရိုက်ကူးထားသည့် အတ္ထုပ္ပတ္တိဟန် ဒရာမာဇာတ်ကား တစ်ကားဖြစ်သည်။ ဒါရိုက်တာ ကလင့် အိစ်ဝူဒ် (Clint Eastwood) ၏ လက်ရာဖြစ်ကာ လူမဲမင်းသားကြီး မော်ဂန် ဖရီးမင်း (Morgan Freeman) က သမ္မတ မန်ဒဲလားအဖြစ်၊ မက်တ် ဒေမင် (Matt Damon) က တောင်အာဖရိက အမျိုးသား ရဂ်ဘီအသင်းခေါင်းဆောင် ဖရန်စွာ ပီရဲနား (François Pienaar) အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံ ပထမဆုံး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများကို ကုလသမဂ္ဂ၏ အကူအညီဖြင့် ၁၉၉၃တွင် ကျင်းပခဲ့သည်။ အန်ဂ်ဖယ်လိစ်ပတ်တတ်စ် (Ange-Félix Patassé) အာဏာ ရလာခဲ့သည်။ ၂၀၀၃ခုနှစ်တွင် လူထုထောက်ခံမှုမရတော့ပဲ ပြင်သစ်ကျောထောက်နောက်ခံပြုထားသော ဗိုလ်ချုပ်ဖရန်စစ်ဘိုဇစ် (François Bozizé) က အာဏာသိမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဖရန်စစ်ဘိုဇစ် အနိုင်ရပြီး အာဏာရလာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အလုပ်သမားသပိတ်များကြောင့် ၂၀၀၈ခုနှစ်တွင် အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်သု ဖော်စတင်အာချန်တိုဝါဒယ်ရာ (Faustin-Archange Touadéra) အာဏာရလာသည်။
ဖရန်ဆွာ ဟော်လန် ဖရန်ဆွာ ဂျရတ် ဂျော့ရှ် ဟော်လန် (François Gérard Georges Nicolas Hollande) (ဩဂုတ်လ ၁၂၊ ၁၉၅၄ မွေး) သည် ပြင်သစ်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ လက်ရှိသမ္မတ အဖြစ် ရွေးချယ်ခြင်း ခံရသူ ဖြစ်သည်။ သူသည် ပြင်သစ် ဆိုရှယ်လစ်ပါတီ၏ ပထမ အတွင်းရေးမှူး အဖြစ် ၁၉၉၇ မှ ၂၀၀၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ပြင်သစ် အမျိုးသား လွှတ်တော် (အောက်လွှတ်တော်) တွင် ကော်ရဲ့ဇ် မဲဆန္ဒနယ် အမှတ် (၁) ကို ကိုယ်စားပြုသော အမတ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ယခင်က ထိုအမတ်နေရာတွင် ၁၉၈၈ မှ ၁၉၉၃ ခုနှစ် အထိ ရွေးချယ်ခံခဲ့ရဖူးသည်။ တူးလုစ်မြို့၏ မြို့တော်ဝန်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပြီး ကော်ရဲ့ဇ် အထွေထွေ ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၈ မှ ၂၀၁၂ အထိ တာဝန်ထမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ ၆ ရက်တွင် လက်ရှိ သမ္မတဖြစ်သူ နီကိုလပ်စ် ဆာကိုဇီ ကို အနိုင်ရပြီး ပြင်သစ်နိုင်ငံ၏ သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။