Top 10 similar words or synonyms for ellis

bafokeng    0.971386

versfeld    0.969906

mcdonnell    0.969112

johannesburg    0.966633

polokwane    0.964196

greenland    0.962419

loftus    0.961563

issn    0.961323

falcon    0.960407

mabhida    0.959768

Top 30 analogous words or synonyms for ellis

Article Example
ဂျော့ချ် ပေါ်လို လေးမန်း Lemann သည် 3G Capital ၏ နောက်ခံ ငွေကြေးထောက်ပံ့သူများ တွင်လည်း ပါဝင်သည်။ ၂၀၁ဝ စက်တင်ဘာတွင် 3Gက ဘာဂါကင်းန်၏ စတော့ရှယ်ယာ အားလုံးအတွက် ဈေးကွက်တန်ဖိုးအပေါ်တွင် အာမခံ ၄၅% နှင့် အမေရိကန်ဒေါ်လာ ၄ ဘီလျံ လေလံဈေး ပေးခဲ့သည်။ ယခင်က Wendy (Fast food ) ကုမ်ပဏီ တွင် ရင်းနှီး မြှပ်နှံဖူးပြီး ဘာဂါနှင့် အကြော်အလှော် လုပ်ငန်း နှင့် ပက်သက်၍ အတွေ့အကြုံရှိသော Lazard, JPMorgan Chase, Barclays Capital and the law firm Kirkland & Ellis…..လုပ်ငန်းများ မှ 3G ကို ဘာဂါကင်းန် ကို ဝယ်ယူရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
လယ်ရီ အယ်လစ်ဆင် ၉လသားအရွယ် လယ်ရီအစ်လစ်ဆင်ကို Lillian Spellman Ellison နှင့် Louis Ellison တို့ကမွေးစားခဲ့ပြီး အယ်လစ်ဆင်၏ အသက် ၄၈ နှစ်အရွယ်အထိ မိခင်အရင်းကိုပြန်မတွေ့ခဲ့ရပေ။ ဇန်နဝါရီ ၁၉၅၈ တွင် Chicago မြောက်ပိုင်းရှိ Eugene Field Elementary School မှ ဘွဲ့ရရှိခဲ့ပြီး Chicago တောင်ပိုင်းကမ်းခြေ သို့မပြောင်းရွှေ့မှီအချိန်အထိ (၁၉၅၉ နှစ်ကုန်ပိုင်းတွင်) Sullivan High School တွင်နှစ်ဝက်ခန့်တက်ရောက်ခဲ့သည်။ လယ်ရီအယ်လစ်ဆင် သည် ချီကာဂို တောင်ပိုင်းကမ်းခြေရှိ အလယ်အလတ်တန်းစား ဂျူးလူမျိုးများနေထိုင်ရာအရပ် ရှိ အိပ်ခန်း ၂ ခန်းပါအိမ်တွင် ကြီးပြင်းခဲ့သည်။ Crimea မှ တဆင့် အမေရိကန်နိုင်ငံသို ့စတင်ရောက်ရှိ ခဲ့ရာ နေရာဖြစ်သည့် Ellis Island ကို အစွဲပြုပြီး Ellison ဟုမှည့် ခေါ်ထားသော ရှရှားမှ ဂျူးလူမျိုး အယ်လစ်ဆင်၏ မွေးစားဖခင်မှာ စည်းကမ်းကြီးလွန်းပြီး သူ့ကိုမည်သည့် အကူအညီ မှ မပေးခဲ့ပေ။ သူ၏ မွေးစားမိခင်နှင့် ရင်းနှီးခဲ့ပြီး မွေးစားမိခင်၏ မေတ္ကာနှင့် နွေးထွေးမှုများကို သတိရနေမိသလောက် သူ့မွေးစားဖခင်ကိုမှု အမှတ်တရမရှိခဲ့ပေ။
တေလာဆွစ်ဖ် ၂၀၀၅ခုနှစ်တွင် တေလာသည် Nashville မြို့ရှိ Bluebird Cafe ၌ပြုလုပ်သော Showcase ပွဲတွင် Big Machine အမည်ရှိ ကိုယ်ပိုင်တေးသံသွင်းကုမ္ပဏီကို တည်ထောင်ရန်ပြင်ဆင်နေသော Dreamworks Records ၏ အမှုဆောင်တစ်ဦးဖြစ်သူ Scott Borchetta ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ တေလာသည် Big Machine ကုမ္ပဏီနှင့် အစောဆုံးစာချုပ်ချုပ်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ တေလာ၏အဖေသည် ဒေါ်လာ ၁၂၀၀၀၀ ခန့်တန်ဖိုးရှိသော Big Machine ၏ ရှယ်ယာ၃ရာခိုင်နှုန်းကိုဝယ်ယူခဲ့သည်။ တေလာသည် Big Machine နှင့် စာချုပ်ချုပ်ပြီးများမကြာမီမှာပင် သူ့နာမည်ကိုအစွဲပြု၍မှည့်ထားသော "တေလာဆွစ်ဖ်" အယ်လ်ဘမ်ကို စတင်လုပ်ကိုင်ခဲ့သည်။ သူသည် သူနှင့်ထူးခြားသောအဆက်အသွယ်ရှိသည်ဟုခံစားမိသော တေးဂီတထုတ်လုပ်သူ Nathan Chapman ကို သူ့အတွက်ငှားပေးရန် Big Machine ကို တိုက်တွန်းခဲ့သည်။ တေလာသည် အယ်လ်ဘမ်ထဲမှသီချင်းသုံးပုဒ်ကို တစ်ဦးတည်းရေးသားခဲ့ပြီး ကျန်ရှစ်ပုဒ်ကို Liz Rose၊ Robert Ellis Orrall၊ Brian Maher နှင့် Angelo Petraglia ကဲ့သို့သောတေးရေးများနှင့် ပူးပေါင်းရေးသားခဲ့သည်။ "တေလာဆွစ်ဖ်" ကို ၂၀၀၆ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ The New York Times ဂျာနယ်ကြီး၏ဝေဖန်ရေးဆရာ Jon Caramanica က "ဒီအယ်လ်ဘမ်ဟာ တေလာရဲ့ခိုင်မာပြီးကြင်နာစရာကောင်းတဲ့အသံနဲ့ သီဆိုထားတဲ့ အံ့ဩစရာကောင်းပြီး အပြစ်ရှာစရာမရှိတဲ့ Pop အငွေ့အသက်တွေနဲ့ Country ဂန္တဝင်လက်ရာလေးပါ" ဟုချီးကျူးခဲ့သည်။ "တေလာဆွစ်ဖ်" သည် ၂၀၁၆ခုနှစ် ဩဂုတ်လအရောက်တွင် အချပ်ရေပေါင်း ၇.၇၅သန်း ရောင်းချပြီးဖြစ်သည်။
ဩစတေးလျ ဂီတ ၁၉၉၂ တွင်ဩစတေးလျ country ဂီတကို အားပေးရန်၊ ဖွံ့ဖြိူးတိုးတက်စေရန်နှင့် အထောက်အကူဖြစ်စေရန်နှင့် အထောက်အကူဖြစ်စေရန် Tamworth, New South Wales တွင် Country Music Association of Australlia ကို စတင်ခဲ့သည်။ Slim Dutsty, John William သည် သဘာပတိ၊ Joy Mckean သည် ဘဏ္ဍာရေးမှုး၊ Max Ellis သည် အတွင်းရေးမှုးနှင့် Phil Mathew သည် ပြည်သူအရာရှိတို့ဖြစ်သည်။ လက်ရှိနှစ်များတွင် country ဂီတသည် ဩစတေးလျတွင် ကျော်ကြားလာသော အမျိုးအစား ဖြစ်သည်။ ပွဲတော်များကို အာရုံစိုက်လာပြီး အရောင်းရဆုံး album နှင့် သီချင်းများအဖြစ်နေရာယူ လာခဲ့သည်။ ၁၉၉၀တွင် country star kasey Chamber သည် ARIA မှချီးမြှင့်သော ၂၀၀၃ ခုနှစ် အကောင်းဆုံးအမျိူးမီးအနုပညာရှင်ဆုရရှိခဲ့သည်။ Alternative Country Star Chamber ဂီတသမား Bill Chamber ဖြစ်လာခဲ့သည်။ သူမ၏ရိုက်ခတ်မှုတွင် ဩစတေးလျ၏ Top Ten ထဲတွင် Not Pretty Enough (၂၀၀၂) ၊ True Colours (၂၀၀၃)နှင့် Pony(၂၀၀၄)တို့ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ Ectectric rocker Nicker Cave သည် အမေရိကန်တွင် Country ဂီတအနုပညာရှင် Johnny Cash လွှမ်းမိုးခဲ့သည်။ Cave ၏ ၁၉၈၆album “Kicking Against the Pricks” တွင် country ပြန်ဆိုတေးများ ပါရှိသည်။ အမေရိကန်country classics များဖြစ်သော “By the Time၊ Get to Phoenix” “Long Black Veil” နှင့် The Singer တို့ဖြစ်သည်။ ၂၀၀၀ခုနှစ်တွင် Cash သည် American၊ Solitary Man album ကိုဖြန့်ချီခဲ့သည်။ နောက်ပိုင်းတွင် ၂၀၀၂ခုနှစ် American 4:The Man Comes Around Album တွင် “Hawk Williams” “I’m So Lone Somel Could Cry ပြန်ဆိုတေးများ ပါရှိသည်။ Country ဂီတသည် Australian တိုင်းရင်းသားများကြားထဲတွင် ကျော်ကြားလာခဲ့သည်။ Dougie Young နှင့် Jimmy Little တို့သည် တီထွင်သူများဖြစ်ပြီး ခေတ်ပေါ်ဖျော်ဖြေသူများထဲတွင် အောင်မြင်မှုရရှိခဲ့သည်။ တိုင်းရင်းသားအနုပညာရှင် Kev Carmody နှင့် Archie Roach သည် တိုင်းရင်းသားအခွင့်အရေးများအတွက် folk-rockနှင့် country ဂီတကို ပေါင်းစပ်ပြီး အသုံးပြုခဲ့သည်။ စာအုပ်နှင့် သီချင်း Buried Countryသည် ၁၉၄၀နှင့် ၁၉၉၀အထိ အရေးပါသော ဂီတအနုပညာရှင်များကို ပြသခဲ့သည်။ ဩစတေးလျ country ၏ကျော်ကြားလာခဲ့သော ခေတ်ပေါ်အနုပညာရှင်များတွင် Lee Kernaghan နှင့် Tania Kernaghan, Melinda Schneider, Gina Jeffreys, Beccy Cole, Felicity Urquhart, Shannon Noll, Tracy Coster, Sara Storer နှင့် Doug Stores တို့ပါဝင်သည်။ Sara Storer ၏ Beautiful Circle album သည် ဆုတံဆိပ်ရရှိခဲ့သည်။ John Williamson နှင့် Paul Kelly တို့သည် သီချင်းနှင့် ပူးပေါင်းမှုများကို ဩစတေးလျ country ဂီတ၏ရိုးရာဓလေ့သို့ ပေါင်းထည့်ခဲ့သည်။ အမေရိကန်မှ ဩစတေးလျ country star များထဲတွင် Sherrie Austin နှင့် Keith Urban တို့ပါဝင်ပြီး ကြီးမားသော အောင်မြင်မှုရရှိခဲ့သည်။ ၁၉၉၁တွင် Urban သည် self-titled debut album နှင့် ၁၉၉၂ အမေရိကန် သို့ မပြောင်းရွှေ့ခင် ဩစတေးလျ single သီချင်းစာရင်းထဲတွင် ပါဝင်ခဲ့သည်။