Top 10 similar words or synonyms for electron

pages    0.920824

density    0.911670

electronics    0.909199

sources    0.907693

interactive    0.906459

battery    0.905238

spin    0.904940

floppy    0.904825

coordination    0.903983

bomber    0.903907

Top 30 analogous words or synonyms for electron

Article Example
ဒြပ် electron - n - physics အဏုမြူအတွင်းရှိ အလွန် သေးငယ်သော ဒြပ်မှုန်
နာနိုနည်းပညာ အက်တမ်များတွင် အမြုတေအား ဝန်းရံလှည့်ပတ်နေသော ဝန်းရံလွှာရှိ အီလက်ထရွန်များသည် ဒြပ်စင်တို့၏ ဂုဏ်သတ္တိများနှင့် ထူးခြားသည့်ဝိသေသတို့ကို အဆုံးအဖြတ်ပေးရာတွင် အဓိကနေရာမှ ပါဝင်၏။ အက်တမ်၏အပြင်ဘက်ဆုံး ဝန်းရံလွှာရှိအီလက်ထရွန်ကို ဗေးလင့်အီလက်ထရွန် (Valence Electron) ဟုခေါ်ဆို၏။ ၎င်းဗေးလင့်အီလက်ထရွန်များသည် ဒြပ်စဉ်၏ ဓါတုဗေလင်စီ (Chemical Valency) မည်မျှဖြစ်သည်နှင့် ဒြပ်စင်တစ်ခုနှင့်တစ်ခုမည်သည့်အချိုးနှင့် ပေါင်းစည်းပြီး မည်ကဲ့သို့သောဓာတုဒြပ်ပေါင်း (Chemical Compound) ဖြစ်ပေါ်မည်ကိုလည်းဖော်ညွှန်း၏။ ဒြပ်စင်အချို့၏အက်တမ်များသည် ၎င်းတို့၏အပြင်ဘက်ဆုံးအလွှာရှိ အီလက်ထရွန်များကို အခြားအက်တမ်တစ်ခုသို့ ပေးလိုက်ခြင်းအားဖြင့် လျှပ်စစ်အဖိုဓာတ်ကဲသောအိုင်းယွန်း (Positive ion) များဖြစ်လာကြ၏။ အီလက်ထရွန်ကို ရယူလိုက်သောအခြားအက်တမ်မှာမူ လျှပ်စစ်အမဓာတ်ကဲသောအိုင်းယွန်း (Negative ion) ဖြစ်လာ၏။ သတ္တုအစိုင်အခဲများတွင်မူ ဗေးလင့်အီလက်ထရွန်များသည် အက်တမ်တစ်ခုမှတစ်ခုသို့ ပေးခြင်းယူခြင်းမပြုကြချေ။ သတ္တု၏အဖိုအိုင်းယွန်း၏ဘေးပတ်လည်တွင် ဘုံအဖြစ်လွတ်လပ်စွာ သွားလာလှုပ်ရှားခြင်းပြုကြ၏။ ဤကဲ့သို့ဖြစ်ပေါ်လာသော အီလက်ထရွန်အစုအဝေးကြီးကို အီလက်ထရွန်တိမ်တိုက် (Electron Cloud) (ဝါ) အီလက်ထရွန်ဓာတ်ငွေ့ (Electron Gas) ဟုလည်းခေါ်ကြ၏။ ဤသို့ဗေးလင့်အီလက်ထရွန်များသည် ဘုံတိမ်တိုက်ဖြစ်သွားသည့်အတွက် ကျန်အစိတ်အပိုင်းသည် လျှပ်စစ်အဖိုဓာတ်ရှိသောအိုင်းယွန်း များဖြစ်လာကြ၏။ ထိုအဖိုဓာတ်ရှိသောအိုင်းယွန်းများနှင့် ၎င်းတို့ကိုဝန်းရံထားသည့် လျှပ်စစ်အမဓာတ်ရှိသော အီလက်ထရွန်တိမ်တိုက်တို့သည် လျှပ်စစ်တည်ငြိမ်ဆွဲငင်အား (Electrostatic Attraction) ဖြင့် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ကြပြီး ခိုင်ခံ့သောပေါင်းစည်းမှုကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို သတ္တုစည်းဟုခေါ်၏။ သတ္တုစည်းကြောင့် သတ္တုများသည် လျှပ်စစ်စီးမှုကောင်းခြင်း၊ သတ္တုများကိုမကွဲမအက်စေပဲ အလိုရှိသည့်အတိုင်းပုံသဏ္ဍာန်ရအောင် ပလတ်စတစ်ပုံပြောင်းလဲခြင်း (Plastic Deformation) တို့ကိုပြုလုပ်နိုင်ပေသည်။
အက်တမ် အမှတ်စဉ် အက်တမ် အမှတ်စဉ် (Atomic number) ဆိုသည်မှာ အက်တမ်တွင် ပါဝင်သည့် ပရိုတွန် အရေအတွက် ဖြစ်သည်။ ထို အက်တမ် အမှတ်စဉ်သည် နျူကလိယ တစ်ခုတွင် ပါဝင်သော ပရိုတွန် (proton) ကိန်းဂဏန်း အရေအတွက်ကို ဖေါ် ပြရုံသာမက ယင်းအက်တမ်တွင် ပါဝင်သော အီလက်ထရွန် (electron) အရေအတွက်ကိုပါ ဖေါ်ပြပါသည်။
သောမတ် အက်ဒီဆင် ၁၈၈၂ တွင် မက်ဟက်တန် central power system ကို ကြီးကြပ်ပေးရသည်။ ၁၈၈၃ တွင် အက်ဒီဆင် ၏ အင်ဂျီနီယာတစ်ဦးဖြစ်သော William J.Hammer က electron tube ကိုစူးစမ်းရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုရှာဖွေတွေ့ရှိမှုကို Edison effect ဟူ မူပိုင်ခွင့်ပြုလုပ်ခဲ့သည်။
နာနိုနည်းပညာ မျက်မှောက်ခေတ်ကာလကို နည်းပညာနယ်ပယ်၌ နန်နိုခေတ်ဟုခေါ်မည်ဆိုလျှင် လွန်အံ့မထင်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သုတေသနဌာနများ၊ တက္ကသိုလ်များတွင် နန်နိုနည်းပညာနှင့် ပတ်သက်သော သုတေသနများကို အားသွန်ခွန်စိုက် ပြုလုပ်လျှက်ရှိနေကြသည်မှာ သာဓကပင်။ အမှန်အားဖြင့် နန်နိုနည်းပညာပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်မျှ ရှိခဲ့လေပြီ။ လက်ရှိကာလတွင်မူ နန်နိုနည်းပညာဖြစ်ပေါ်မှုမှာ အထူးတိုးတက်စွာဖြင့် တည်ရှိနေပြီး၊ နန်နိုနည်းပညာကို ပို၍ လေ့လာလိုက်စားလျှက်ရှိလာကြပေသည်။ ထိုသို့လိုက်စားရာတွင် နန်နိုနည်းပညာ၏ အရေးပါသော၊ အခြေခံဖြစ်သော နန်နိုဒြပ်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ အထူးပြုလေ့လာခြင်းတို့ မှာ အရေးပါလှပေသည်။ အလွန့်အလွန်သေးငယ်လှသော နန်နိုဒြပ်ပစ္စည်းများကို လေ့လာရာတွင် ဒြပ်ပစ္စည်းတို့၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ပါဝင်ဓာတ်ပစ္စည်းတို့ကိုသိရှိရန် SEM (Scanning Electron Microscopy) နှင့် TEM (Transmission Electron Microscopy) တက္ကနစ်တို့မှာ မသိမဖြစ် အရေးပါလှပေသည်။ ထိုစက်ပစ္စည်းတို့တွင် အထူးသဖြင့် သိရှိလိုသည့် နန်နိုဒြပ်ပစ္စည်းကို အီလက်ထရွန်ရောင်ခြည်နှင့် ရိုက်၍ ရရှိလာသော တွေရှိချက် ကိုလေ့လာခြင်းဖြစ်ပေသည်။ ၎င်းမှ ရရှိလာသော တွေ့ရှိချက်ကို ကျွမ်းကျင်စွာ လေ့လာနိုင်ရန် အီလက်က်ထရွန်ရောင်ခြည် အသုံးပြု၍ ဓါတုအနုစိတ်လေ့လာခြင်းနည်းစနစ်မှာ မြောက်များလှစွာသော နည်းစနစ်များထဲမှ တတ်မြောက်၊ လေ့လာထားရှိရမည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။
နာနိုနည်းပညာ အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓါတု အနုစိပ်လေ့လာခြင်း၏ အခြေခံသဘောတရားမှာ သေးသွယ်၊ ကျဉ်းမြောင်း၊ တိကျသော အီလက်ထရွန်ရောင်ခြည်ဖြင့် အစိုင်အခဲ တစ်ခုအပေါ်သို့ပစ်လွှတ်၍ ဖြစ်ပေါ်ရရှိလာသည့် အကျိုးဆက်ကို လေ့လာကြည့်ခြင်းပင်ဖြစ်ပေသည်။ ပစ်လွှတ်လိုက်သော အီလက်ထရွန်များသည် အရာဝတ္ထု အစိုင်အခဲနှင့် တွေ့ထိသက်ရောက်သည်နှင့် တပြိုင်နက် ပစ်လွှတ်အီလက်ထရွန်များ၏ မူလစွမ်းအင်နှင့် လားရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည်နှင့်အတူ အပစ်ခံဝတ္ထု အစိုင်အခဲမှလည်း အိတ်ဇ်-ရောင်ခြည် (X- Rays) နှင့် အီလက်ထရွန် (အော်ဂါ-အီလက်ထရွန်, Auger electron)တို့ တပြိုင်နက်တည်း ထုတ်လွှတ်ပေသည်။ အော်ဂါ-အီလက်ထရွန် (Auger electron)မှာ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ အိတ်ဇ်-ရောင်ခြည် (X-Rays)နှင့်အတူ တပြိုင်တည်း ထွက်လာသည်မှာမှန်သော်လည်း ၎င်း၏ စွမ်းအင်မှာ (Low energy) နည်းလှပေသည်။ ဆိုလိုသည်မှာ ၎င်းအော်ဂါ-အီလက်ထရွန်များသည် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုသို့ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်သည့်အတွက် အော်ဂါ-Spectroscopy ကိုအသုံးပြု၍ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်ကို အထူးပြု လေ့လာနိုင်ပေသည်။ အစိုင်အခဲ၊ ဝတ္ထု(Specimen)ပေါ်တွင် ပစ်လွှတ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုနှင့် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ ထွက်ပေါ်လာမည့် အမျိုးမျိုးသော ဓါတ်ရောင်ခြည်တို့ကိုလေ့လာခြင်းအားဖြင့်၊ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏ ဓါတုဖွဲ့စည်းမှု (Chemical composition)ကို လွယ်ကူစွာ အဖြေထုတ်နိုင်မည် ဖြစ်ပေသည်။
အိုင်စီပတ်လမ်း နည်းပညာထက် ပိုမို၍ အစွမ်းထက်‌သော အီလက်ထရွန်းနစ် လစ်သိုဂရပ်ဖီ(electron beam lithography)နှင့် အိပ်က်စ် ‌ရောင်ခြည် လစ်သိုဂရပ်ဖီ(X-ray lithography) တို့ကိုလည်း အသုံးပြုကြသည်။ အီလက်ထရွန်တန်း လစ်သိုဂရပ်ဖီ နည်း ပညာကို အသုံးပြုလျှင် အင်တီဂရိတ်တက်ဆာကစ်အဆင့် (pattern)ကို ဆင့်ပွားကူး‌ပေး နိုင်သည့်အဖုံး (mask)ကို ပြုလုပ်နိုင်သည်။ ထိုအဖုံးကို အသုံးပြု၍ အိပ်က်စ်‌ရောင်ခြည်၊ သို့မဟုတ် ခရမ်းလွန် ‌ရောင်ခြည်ဖြင့် ‌ဝေဖာ‌ပေါ်တွင် ဆာကစ် အဆင်များကို ‌ဖော်ယူနိုင်သည်။ အီလက်ထရွန်တန်းကိ ဝ
အက်တမ် ၁၈၉၇တွင် အင်္ဂလိပ် ရှုပဗေဒ ပညာရှင် သွန်မဆင် (J.J. Thomson) က အက်တမ် အတွင်းရှိ (Electron) အီလက်ထရွန် ဟုခေါ်သော (ဓာတ်မ)ဆောင်သည့် အမှုန် ကို ရှာဖွေ တွေ့ရှိခဲ့သည် ။ ၎င်းတွေ့ရှိမှုကို အခြေခံ၍ ပထမဆုံး (Atomic Model) အက်တမ်ပုံစံ ကို ( ၁၉၀၄ ) တွင် အဆိုပြု တင်ပြနိုင်ခဲ့သည်။ သွန်မဆင်၏ Atomic Model သည် ဓာတ်ဖို ဆောင်သော စက်လုံးပုံ အက်တမ် (atom) ထဲတွင် ဓာတ်မဆောင်သော အီလက်ထရွန်များ ပါဝင်ပျံ့နှံ့နေသည်။ ဥပမာ--ကိတ်မုန့်ထဲတွင် ပါဝင်သော စပျစ်သီးခြောက် များကဲ့ သို့ ပျံ့နှံ လျက်ရှိသည် ။