Top 10 similar words or synonyms for dpi

internet    0.748030

pc    0.745179

mobile    0.744241

application    0.744146

ios    0.741140

usb    0.728488

networking    0.728081

phone    0.727054

program    0.726788

software    0.722559

Top 30 analogous words or synonyms for dpi

Article Example
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း DPI ကို သူတို့၏ ကိုယ်ပိုင်ကွန်ရက်များ လုံခြုံမှုအတွက် အသုံးပြုခြင်းအပြင် မြောက်အမေရိက၊ ဥရောပ နှင့် အာရှရှိ အစိုးရများသည် စောင့်ကြည့်ခြင်း နှင့် ဆင်ဆာပြုလုပ်ခြင်း ကဲ့သို့သော ရည်ရွယ်ချက်များစွာအတွက် DPI ကို အသုံးပြုသည်- ထိုအစီအစဉ်များအနက်မှ အများစုမှာ အဆင့်သတ်မှတ်ခွဲခြားထားသည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း DPI လုပ်ဆောင်နိုင်သော စက်များတွင် OSI မော်ဒယ်(လ်) ၏ အလွှာ ၂ နှင့် အလွှာ ၃ အပြင် ဘက်ကို ကျော်လွန်၍ ကြည့်နိုင်ပြီး လိုအပ်ပါက OSI မော်ဒယ်(လ်)၏ အလွှာ ၂-၇ ကို ဖောက် ၍ ကြည့်ရန် DPI ကို လှုံ့ဆော်နိုင်သည်။ ဤအရာတွင် ခေါင်းစီးများနှင့် အချက်အလက် ပရိုတိုကော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် မက်ဆေ့(ခ်ျ)၏ အမှန်တကယ် သယ်ဆောင် နိုင်သော ဝန်ချိန် တို့ပါဝင်သည်။ OSI မော်ဒယ်လ်၏ အလွှာ ၃ ပြင်ပရှိ သတင်းအချက်အလက် ပေါ် အခြေခံ၍ စက်သည် အခြားအရေးယူဆောင်ရွက်မှုကို ကြည့်ခြင်း သို့မဟုတ် ဆောင် ရွက်ခြင်းပြုသော အခါ DPI ၏ အလုပ် လည်ပတ်မှုကို လှုံ့ဆော်စေသည်။ အစုံလိုက်သုံး တစ်ခု ၏ အချက်အလက် အပိုင်းမှ ထုတ်နုတ်ထားသော သတင်းအချက်အလက် ပါဝင်သည့် ကိုယ်ပိုင် လက္ခဏာ database ပေါ်တွင် အခြေခံ၍ အသွားအလာကို DPI အနေဖြင့် အ မျိုးအစားခွဲခြားနိုင်သည်။ ခေါင်းစီး သတင်း အချက်အလက် ပေါ်တွင်သာ အခြေခံ၍ အမျိုးအစား ခွဲခြင်းထက် ပို၍ အနုစိတ်သော ထိန်းချုပ်မှုကို ခွင့်ပြုသည်။ အမှုကိစ္စ အများအပြားတွင် DPI လှုပ်ရှားမှုများကို တိမ်းရှောင်ရန် လျှို့ဝှက်စာ ဖြင့်သိမ်းခြင်းနှင့် ရှုပ်ထွေးစေသည့် နည်းလမ်း များကို အဆုံးမှတ်များမှ အသုံးပြုနိုင်သည်။
ချင်းသမိုင်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း ၎င်းတို့၏ အတွင်း ကွန်ရက်များလုံခြုံစေရန် DPI ကို အသုံးပြုခြင်းအပြင် အင်တာနက် ဝန်ဆောင်မှု ပေးသူများ သည် အသုံးပြုသူများအား ပေးသော အများပြည်သူသုံး ကွန်ရက် များပေါ်တွင်လည်း ထိုနည်းပညာကို အသုံးချသည်။ ISP များမှ အသုံးများသော DPI များမှ တရားဝင်ဖြစ်သော ကြားဖြတ်ယူခြင်း ၊ မူဝါဒ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ပြဋ္ဌာန်းခြင်း၊ လျာထားသော ကြော်ငြာခြင်း၊ ဝန်ဆောင်မှု အရည်အသွေး ၊ အဆင့်ဆင့် ဝန်ဆောင်မှုများ ပေးခြင်းနှင့် မူပိုင်ခွင့် ပြဋ္ဌာန်းခြင်း တို့ဖြစ် သည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း ကွန်ရက်နည်းပညာများနည်းတူ နက်ရှိုင်းသော အစုံလိုက်သုံးpacket စစ်ဆေးခြင်း (နှင့် စစ်ထုတ်ခြင်း) သည် ပို၍ အဆင့်မြင့်သော ကွန်ရက် စီမံအုပ်ချုပ်မှု၊ အသုံးပြုသူ ဝန်ဆောင်မှု နှင့် လုံခြုံရေး လုပ်ဆောင်ချက်များ နှင့် အင်တာနက် အချက်အလက်တူးဖော်ခြင်း၊ ခိုးနားထောင်ခြင်း နှင့် ဆင်ဆာပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ DPI နည်းပညာကို အင်တာနက် စီမံအုပ်ချုပ်မှုအတွက် နှစ်ပေါင်းများစွာ တိုင်အောင် အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ကွန်ရက် ကြားနာရေး ထောက်ခံသူအချို့သည် ထိုနည်းပညာမှာ ပြိုင်ဘက်ကင်းစွာ အသုံးပြုခံ ရနိုင်ခြင်း သို့မဟုတ် အင်တာနက်၏ လွတ်လပ်ခြင်းကို လျော့ချခြင်း တို့ကိုစိုးရိမ်ကြသည်။ လောလောဆယ်တွင် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသူများနှင့် အစိုးရများသည် DPI ကို နေရာအတော်များများတွင်ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြသည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း DPI သည် ကျူးကျော်ဝင်ရောက်ခြင်းကို စုံစမ်းခြင်း စနစ် (IDS or Intrusion Detection System) နှင့် ကျူးကျော်ဝင်ရောက်ခြင်း ကို ကာကွယ်သည့် စနစ် (IPS) တို့၏ လုပ်ဆောင်ချက်ကို ထုံးစံဖြစ်သော အခြေအနေ ပြည့်ဝ သည့် ဖိုင်းယားဝေါ(လ်) နှင့် ပေါင်းစပ်သည်။ ထိုပေါင်းစပ်ခြင်းသည် ၎င်းတိုက်ခိုက်မှုမျိုးကို IDS/IPS နှင့် အခြေအနေပြည့်ဝသည့် ဖိုင်းယားဝေါ (လ်) နှစ်ခုစလုံးမှ သူတို့ကိုယ်တိုင် မဖမ်း ယူနိုင်သည့်အချို့သော တိုက်ခိုက်မှုများကို စုံစမ်းရန်ဖြစ်နိုင်ပေသည်။ အခြေအနေပြည့်ဝသည့် ဖိုင်းယားဝေါ (လ်) များသည် အစုံလိုက်သုံး စီးဆင်းခြင်း၏ အစနှင့်အဆုံးကို မြင်နိုင် စွမ်းရှိသော် လည်း သီးသန့်လုပ်ငန်းသုံး ပရိုဂရမ်တစ်ခုအတွက် ပြင်ပနယ်ပယ်တွင် ရှိ သော ဖြစ်ရပ်များကို ၎င်းတို့ကိုယ်တိုင် ဖမ်းယူနိုင်ခြင်းမရှိပါ။ IDS များသည် ကျူးကျော်ဝင်ရောက်ခြင်းများကို စုံစမ်းနိုင်သော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ပိတ်ပင်တားဆီးရန် ၎င်းတို့တွင် စွမ်းဆောင်ရည် အနည်းငယ်သာ ရှိသည်။ DPI များကို ဝါယာနန်းကြိုး အမြန်နှုန်းများဖြင့် လာသော ဗိုင်းရပ်(စ်)များနှင့် ပိုးများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသုံးပြုသည်။ ပို၍ အတိအကျပြောရလျှင်၊ DPI သည် ကြားခံကိရိယာ ကို ပိုလျှံ၍ တိုက်ခိုက်မှုများ၊ ဝန်ဆောင်မှုကို ငြင်းဆန်ခြင်း (DoS) တိုက်ခိုက်မှုများ၊ ခေတ်မှီဆန်းပြားသော ကျူးကျော် ဝင်ရောက်ခြင်းများနှင့် အစုံလိုက်သုံး တစ်ခု အတွင်းတွင် ဆံ့ သော ပိုးရာခိုင်နှုန်း အနည်း ငယ်တို့ကို ဆန့်ကျင်ရာတွင် အကျိုးသက်ရောက်မှု ရှိအောင်လုပ်နိုင်သည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း DPI သည် အော်ပရေတာများအား သူတို့၏ ရနိုင်သော လှိုင်းအကျယ်ကို ပို၍ရောင်းချရန် ခွင့် ပြုနေစဉ်အတွင်း ကွန်ရက် ပြည့်ကျပ်မှုကို ကာကွယ်ခြင်းဖြင့် အသုံးပြုသူအားလုံးကို ညီမျှသော လှိုင်းအကျယ် ဖြန့်ဝေခြင်းကို သေချာအောင်လုပ်သည်။ အပိုအားဖြင့် ပို၍ မြင့်မားသော ဦးစား ပေးမှု တစ်ခုကို VoIP သို့မဟုတ် ငြိမ်သက်ခြင်း အနည်းငယ်ကို လိုအပ်သော ဗီဒီယိုဖြင့် ပြောဆို သောခေါ်ဆိုမှု၊ ၎င်းကို မလိုအပ်သော ဝက်(ဘ်)ရှာဖွေခြင်းသို့ ခွဲဝေချထားပေးနိုင်သည်။ ဤအရာသည် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ၏ ကွန်ရက်များကို ဖြတ်သန်းသွားသော အသွားအလာလမ်းကြောင်း အရ လှိုင်းအကျယ်ကို အင်တိုက်အားတိုက် ခွဲဝေ ချထားပေးရန် ဝန်ဆောင်မှု ဖြည့် ဆည်းပေးသူများ အသုံးပြုသော နည်းလမ်းဖြစ်သည်။ DPI သည် နှင့် P2P ယှဉ်လျှင် အကျိုးသက်ရောက်မှု မရှိပြီး လှိုင်းအကျယ် စီမံအုပ်ချုပ်မှု ၏ အခြားနည်းလမ်းများမှာ ပို၍ အကျိုးသက်ရောက်မှုရှိကြောင်း အခြားသော ရောင်းချသူများမှ အခိုင်အမာပြောဆိုသည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရအများစုမှနေ၍ ဝန်ဆောင်မှုပေးသူများသည် တရားဝင်ဖြစ်သော ကြားဖြတ်ယူခြင်း စွမ်းဆောင်ရည်ကို လုပ်ဆောင်နိုင်ရန်လိုအပ်သည်။ ဆယ်စုနှစ်များဆီက အမွေ အနှစ် တယ်လီဖုန်း ပတ်ဝန်းကျင်တွင် အစိုးရ၏ စောင့်ကြည့်ခြင်း ပစ္စည်းကိရိယာကို ဆက်သွယ်သော ကြားဖြတ်ယူသည့် ပရောက်ဆီ ဆာဗာ တစ်ခုကို သုံးခြင်းဖြင့် အသွားအလာ လမ်းကြောင်း ဆက်သွယ်မှု နေရာ (TAP)ကို ဖန်တီးကာ ထိုအရာကို ဖြည့်ဆည်းပေးခဲ့သည်။ ဤအရာသည် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ် ကွန်ရက်များတွင် မဖြစ်နိုင်ပါ။ ဤလုပ်ငန်း လုပ်နိုင်မှု၏ ရှာမှီးမှု အပိုင်းသည် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးခြင်းခံရနိုင်ကာ DPI ပါဝင် သည်၊ DPI လုပ် ဆောင်နိုင်သော ထုတ်ကုန်များဖြစ်သည့် " LI သို့မဟုတ် - CALEA တိုင်ကြားခြင်း " တို့ကို အသုံးပြု နိုင်သည်- အသုံးပြုသူတစ်ဦး၏ အချက်အလက်စီးဆင်း ခြင်းကို ဆက်သွယ်ရရှိရန်- တရားရုံး အမိန့် ဖြင့် ညွှန်ကြားခြင်း ခံရသောအခါတွင် ဖြစ်သည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း မိုဘိုင်းနှင့် လှိုင်းကျယ်ဝန်ဆောင်မှုပေးသူများသည် DPI အား အဆင့်ဆင့်ပေးသော ဝန်ဆောင်မှု အစီအစဉ်များကို ဆောင်ရွက်ရန်၊ " တံတိုင်းကာရံထားသော ပန်းခြံ " ဝန်ဆောင် မှုများကို " တန်ဖိုးတိုးလာသော " ၊ " သင်စားနိုင်သမျှ " နှင့် " အရွယ်အစား တစ်ခုသည် အားလုံးနှင့် အံဝင်ခွင်ကျဖြစ်သည် " အချက်အလက် ဝန်ဆောင်မှုများမှ ခွဲခြားရန် နည်းလမ်း တစ်ခု အနေဖြင့် သုံးသည်။ " အရွယ်အစားတစ်ခုသည် အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်သည် " အစား " တံ တိုင်းကာရံထားသော ပန်းခြံ "၊ အသုံးချခြင်းများ တစ်ခုလျှင်၊ ဝန်ဆောင်မှု တစ်ခုလျှင် သို့မဟုတ် " သင်စားနိုင်သမျှ " တို့ကို ငွေကြေးကောက်ခံနိုင်ခြင်းအားဖြင့် အော်ပရေတာသည် တစ်ဦးတစ်ယောက်ချင်း ဝယ်ယူသုံးစွဲသူတို့ကို သူ၏ ကမ်းလှမ်းခြင်းကို အံဝင်ခွင်ကျ စီမံထား နိုင်ပြီး အသုံးပြုသူတစ်ဦးလျှင် ရရှိသော သူတို့၏ ပျမ်းမျှဝင်ငွေ (ARPU) ကို တိုးစေသည်။ မူဝါ ဒကို အသုံးပြုသူ သို့မဟုတ် အသုံးပြုသူ အုပ်စုတစ်ခုစီခြင်းအားဖြင် ဖန်တီးပြီး DPI စနစ်သည် ထို မူဝါဒ ကို ပြန်လည်ပြဋ္ဌာန်းကာ ကွဲပြားသော ဝန်ဆောင်မှုများနှင့် အသုံးချခြင်းများ များစွာကို အသုံးပြုသူမှ ဆက်သွယ် နိုင်ရန်ခွင့်ပြုသည်။
နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်း DPI သည် ISP များအား အသုံးပြုသူအုပ်စု၏ အသုံးပြုခြင်း ပုံစံများနှင့် ပတ်သက်ပြီး စာရင်း အင်း အချက်အလက်များကို စုစည်းရန်ခွင့်ပြုသည်။ ဥပမာ- ထိုအရာသည် 2 Mbit ဆက် သွယ်မှုရှိသော အသုံးပြုသူများသည် 5 Mbit ဆက်သွယ်မှုရှိသော အသုံးပြုသူများနှင့် မတူ ညီသောပုံစံဖြင့် ကွန်ရက်ကို အသုံးပြုခြင်း ရှိ၊ မရှိကို စိတ်ဝင်စားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဦးတည်ရာ အချက်အလက်ကို ရရှိခြင်းသည်လည်း ကွန်ရက်စီမံကိန်းကို ကူညီသည်။