Top 10 similar words or synonyms for barium

po    0.874292

naoh    0.873108

potassium    0.854999

borax    0.852591

samarium    0.849555

chloride    0.842625

iodide    0.839409

callisto    0.837456

nano    0.837193

carbonate    0.836587

Top 30 analogous words or synonyms for barium

Article Example
ဘေရီယမ် ဘေရီယမ်ကို တစ်ခါတစ်ရံတွင် ဘေရီယမ်-နီကယ် သတ္တုစပ်များအဖြစ်ပြုလုပ်၍ ခြောက်သွေ့ပြီး အောက်ဆီဂျင်ဖယ်ရှားထားသော လေဟာနယ် ပြွန်အတွင်း လျှပ်စစ်အဖို၊အမစွန်း ပလက်ခေါင်းတိုင်းများအဖြစ် အသုံးပြုကြသည်။ ၎င်းကို တောက်ပသော မီးချောင်းများတွင်လည်း အသုံးပြုကြသည်။ (မသန့်စင်သော ဗေရီယမ်ဆာလဖိုက် ဖော့စဖာရစ်(စ်)(barium sulfide phosphoresces) နှင့်ထိတွေ့ပြီးနောက် အလင်းရောင်ထွက်ခြင်း ဖြစ်သည်။)
ဘေရီယမ် ဘေရီယမ်ဒြပ်ပေါင်းများဖြင့် ပြုလုပ်ထားသော ဆီနှင့် ဓါတ်ငွေ့လောင်စာများကို စက်မှုလယ်ယာလုပ်ငန်းများတွင် လောင်စာဆီများအဖြစ် အသုံးပြုကြသည်။ ထွန်စက်များ၏ အသွားများမွတ်ညက်အောင် ၎င်းဆီထည့်ခြင်းဖြင့် ကျောက်တုံးများကိုဖြတ်ပြီး ထွန်ယက်ရာတွင် လွယ်စေသည်။ ဘေရီယမ်ဒြပ်ပေါင်းများသည် သုတ်ဆေးများ၊ အုတ်ခဲများ၊ အုပ်ကြွပ်များ၊ ဖန်ထည်များနှင့် ခဲဖျက်များပြုလုပ်ရာတွင် လည်း အသုံးပြုပါသည်။ ဘေရီယမ် နိုက်ထရိတ်(Barium nitrate) နှင့် ကလိုရိတ်(chlorate)သည် အစိမ်းရောင် မီးရှူးမီးပန်း များကို ထုတ်ပေးပါသည်။
ဘေရီယမ် အစားအသောက်နှင့် ရေထဲတွင် ဘေရီယမ် ပါဝင်မှုပမာဏသည် ကျန်းမာရေးအတွက် စိုးရိမ်နိုင်စရာ မရှိသေးပေ။ လူသားများသည် ဘေရီယမ် စက်ရုံများတွင် ကြီးမားသော ဘေးအန္တရာယ်များနှင့်အတူ ဘေရီယမ်ကို ထိတွေ့လုပ်ဆောင် နေကြရသည်။ ကျန်းမာရေးအတွက် ဘေးအန္တရာယ် အများဆုံးဖြစ်စေနိုင်သော အချက်မှာ အသက်ရှူခြင်းဖြင့် ဘေရီယမ် ဆာလဖိတ်(Barium sulphate) နှင့် ဘေရီယမ်ကာဗွန်နိုတ်(Barium carbonate) များ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း စုပုံသော နေရာများတွင် အချို့သော ဘေရီယမ်များ ပါဝင်နေသည်။ ထိုဝန်းကျင်တွင် နေထိုင်သော လူများသည် ၎င်းတို့နှင့် ထိတွေ့နိုင်သောကြောင့် အန္တရာယ် ရှိသော အဆင့်တွင် ရောက်ရှိနေပေသည်။ ဘေရီယမ် ပါဝင်သည့် ညစ်ညမ်းသော ပတ်ဝန်းကျင်ရှိ ဖုန်များရှူမိခြင်း၊ မြေလွှာ နှင့် အပင်များ စားသုံးခြင်း၊ သို့မဟုတ် ရေသောက်ခြင်းဖြင့် ဘေရီယမ် နှင့် ထိတွေ့နိုင်သည်။ အရေပြားမှ တစ်ဆင့်လည်း ထိတွေ့နိုင်သည်။ ဘေရီယမ်၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုသည် ၎င်းဒြပ်ပေါင်းများ၏ ရေထဲတွင် ပျော်ဝင်နိုင်မှုအပေါ် မူတည်နေသည်။ ၎င်းဒြပ်ပေါင်းများ ရေထဲတွင်ပျော်ဝင်နေခြင်းသည် လူသားများ အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။ အလွန်ကြီးမားသော ဘေရီယမ်ပမာဏသည် ရေထဲတွင် ပါဝင် နေခြင်းကြောင့် သွပ်ချာပါဒရောဂါများ ဖြစ်စေနိုင်ပြီး၊ သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမားပါသည်။
ဘေရီယမ် စက်ရုံများတွင် ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်သို့ ဘေရီယမ် ရောက်ရှိမှု ပမာဏ များပြားလာသည်။ ထိုသို့ရောက်ရှိခြင်းကြောင့် ၎င်းဝန်းကျင် လေထု၊ ရေထုနှင့် မြေထုထဲရှိ ဘေရီယမ်ပြင်းအားမှာ အခြားနေရာရှိ ဘေရီယမ် များ၏ ပြင်းအားထက် ပိုများနိုင်ပါသည်။ ဘေရီယမ် (Ba)သည် ဓါတ်သတ္တု တူးဖော်နေစဉ်အတွင်း၊ ဓါတ်သတ္တု သန့်စင်နေစဉ်အတွင်းနှင့် ဘေရီယမ်ဒြပ်ပေါင်းများ ထုတ်လုပ်နေစဉ်အတွင်း လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းသည် ကျောက်မီးသွေးနှင့် ရေနံလောင်ကျွမ်းနေစဉ် အတွင်းတွင်လည်း လေထဲသို့ဝင်လာနိုင်ပါသည်။ အဓိက အရေးပါသော သတ္တုရိုင်းကို ဘေရိုက် (barite (BaSO4)) မှရရှိပြီး၊ Witherite (BaCO3) မှလည်း ရရှိနိုင်သည်။ အဓိကဘေရီယမ် (Barium) ကိုတူးဖော်သော နိုင်ငံများသည် အင်္ဂလန်(UK)၊ အီတလီ(Italy)၊ ချက်သမ္မတနိုင်ငံ(Czech republic)၊ အမေရိကန်(USA) နှင့် ဂျာမနီ (Germany) နိုင်ငံများဖြစ်သည်။ နှစ်စဉ် တန်ပေါင်း ၆ သန်းခန့် ထုတ်လုပ်လျှက်ရှိပြီး၊ တန်ပေါင်း သန်း ၄၀၀ ထက်ပိုပြီး သိုလှောင်ရန် မျှော်လင့်ကြသည်။
ဆယ်ဆီယမ် ဆယ်ဆီယမ် (Cesium) ကို ၁၈၆၀ ခုနှစ်တွင် ဂျာမန် ဓာတုဗေဒ ပညာရှင်များဖြစ်သော Robert Wilhelm Bunsen နှင့် Guastav Robert Kirchoff တို့က ဂျာမနီနိုင်ငံ Durkhein ပြည်နယ်ရှိ သဘာဝရေအား ရောင်စဉ်ကြည့်ကရိယာ (spectroscoptic) ဖြင့် ဆန်းစစ်လေ့လာ သုတေသန ပြုကြရာမှ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ဆယ်ဆီယမ်ဟူသော အမည်သည် ရောင်စဉ်ကြည့်ကရိယာ ဖြင့် သုတေသနပြုစဉ် ထွက်ပေါ်လာ သော နက်ပြာရောင် ရောင်စဉ်အတွင်း တောက်ပသော ရောင်စဉ်လှိုင်းနှစ်ခု ပါဝင်နေခြင်းကြောင့် လက်တင်ဘာသာစကားအရ (Caesius = celestial-bule) ကို IUPAC name အရ Caesium သို့မဟုတ် United States name အရ Cesium ဟု အတည်ပြု သက် မှတ်ခဲ့ကြသည်။ ပထမဦးဆုံးသော ဆယ်ဆီယမ်သတ္တုကို ၁၈၈၂ ခုနှစ်တွင် ဆွစ်ဇလန် ဓာတုပညာရှင် Carl Setterberg မှ barium ဒြပ်စင်နှင့် ဆယ်ဆီယမ် ကာဘိုနိုက်ထရိတ် CsCN အရောအနှော တို့ကို ပေါင်းစပ်၍ သတ္တုစပ် (alloy) အဖြစ် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အားလုံးသောဆယ်ဆီယမ် အယ်ကာလီများကို ငွေဖြူရောင်ရှိသော ပုံဆောင်ခဲများအဖြစ်တွေ့ရှိရသည်။ဆယ်ဆီယမ်သည် အိုင်ဆိုတုတ် ပေါများသော ဒြပ်စင်တစ်ခုဖြစ်ပြီး၊ ၎င်းတို့ထဲမှာ သိပ်သည်းဆ အများဆုံးသော အိုင်ဆိုတုတ်မှာ 133Cs ဖြစ်ပြီးသက်တမ်း အရှည်ဆုံးနှင့် ရေဒီယိုသတ္တိအကြွဆုံးသော အိုင်ဆိုတုတ်မှာ 135Cs ဖြစ်သည်။ ၎င်းသက်တမ်းဝက်မှာ ၂.၃ မီလီယံနှစ် ဖြစ်သည်။ အိုင်ဆိုတုတ် 137Cs မှာ ရေတွင်လွယ် ကူစွာ ပျော်ဝင်နိုင်ပြီး မိနစ်အတွင်းအလွန်ပြင်း ထန်သော အဆိပ်ကိုဖြစ်စေသည်။ ၎င်း၏သက်တန်းဝက်မှာ 30.07 years ဖြစ်သည်။ သန့်စင်သောသတ္တုအဖြစ် တွေ့မြင်ရသော ဆယ်ဆီယမ် ဒြပ်စင်၏အရောင်မှာ ရွှေရောင်နှင့်အလွန်ဆင်တူသော ရွှေဖြူရောင်ဖြစ်သည်။ ၎င်းသည် ပျော့ပြောင်းပြီး နန်းဆွဲရလွယ်သော ဒြပ်စင်တစ်ခုဖြစ်သည်။ ၎င်းဒြပ်စင်သည် လျှပ်စစ်ဓာတ်မ အများ ဆုံးနှင့် အယ်ကာလီသတ္တိလွန်ကဲဆုံး ဒြပ်စင်တစ်ခုဖြစ်သည်။ cesium, gallium နှင့် mercury ဒြပ်စင်သုံးခု တို့သည် အခန်းတွင်းအပူချိန် (သိုမဟုတ်) ထိုအပူချိန်ဝန်းကျင်အတွင်း၌ပင် အရည်အဖြစ်သို့ရောက်ရှိသည်။ cesium သည် အပူချိန် (-116 ဒီဂရီစင်တီဂရိတ်) အထက်ရှိသောရေခဲ နှင့် ရေအေး တို့တွင်ပေါက်ကွဲခြင်း အခြေအနေသို့ရောက်ရှိသည်။ cesium hydroxide သည် အားကောင်းသော base ဘေ့စ် (အယ်လကာလီနှင့်အက်စစ်ဓာတ်ပြု၍ရသောဆား) တစ်မျိုးဖြစ်ပြီး ဖန်ထည်မှန် ထည်များကို တိုက်ခိုက်ပျက်စီးစေနိုင်သည်။ cesium သည် halogens များနှင့် ဓာတ်ပြုခြင်းဖြင့် ဖရိုရိုက်(fluoride)၊ ကလိုရိုက် (chloride)၊ ဘရိုမိုက်(bromide) နှင့် အိုင်အိုဒိုက်(iodide) များကိုဖြစ်ပေါ်စေသည်။ ဆယ်ဆီယမ်ဒြပ်စင်သည် လေထဲတွင် အောက်ဆီဂျင်များ နှင့် လျင်မြန်စွာဓာတ်ပြုပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် အန္တရာယ်ရှိသော စွမ်းအားမြင့်မားသည့် အောက်ဆိုဒ်(superoxide) များကိုဖြစ်ပေါ် စေနိုင်သည်။