Top 10 similar words or synonyms for ယမက

သမဝ    0.658231

ယမလ    0.647493

ယမဝန    0.641647

ယမအသင    0.630670

ယမရ    0.597412

ယမမ    0.557291

ယမဘဏ    0.530652

ယမသင    0.515097

ယမဦ    0.503674

ယမအဖ    0.497491

Top 30 analogous words or synonyms for ယမက

Article Example
တိလောကာဘိဝံသ၊ ဘဒ္ဒန္တ ( အင်းစိန်ရွာမဆရာတော် ) (ခ) လက်ဆောင်ကျမ်း ၁၁ ကျမ်း (မာတိကာဓာတုကထာ လက်ဆောင်၊ ယမက လက်ဆောင် ၂ ကျမ်း၊ ပဋ္ဌာန်းလက်ဆောင်၊ ပဋ္ဌာန်းပို့ချစဉ်လက်ဆောင်၊ အဘိဓမ္မာလက်ဆောင်၊ ဆန်းလက် ဆောင်၊ ပါဠိသဒ္ဒါအသုံးအနူန်းနှင့် ပါဠိစာပေ ကောက်နူတ်ချက်လက်ဆောင်၊ သဒ္ဒါလက်ဆောင်၊ သုတ်နက်လက် ဆောင်၊ သဒ္ဒါကြီးနိဿယလက်ဆောင်)။
ယမိုက် ယမက ခေါ် ယမိုက်ကျမ်း သည် အဘိဓမ္မာ ၇ ကျမ်း တွင် တစ်ကျမ်း အပါအဝင် ဖြစ်သည်။ အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလအားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။
သရက်ပင် သရက်ပင်၏မူလဘူတသည်အလွန်ပင်ရှေးကျလှပေသည်။ မည်သည့်ခေတ်အခါကစတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ ဆိုနိုင်ရန်ခဲယဉ်းလှသည်။ ဗုဒ္ဓအယူဝါဒ ကျမ်းကြီးကျမ်းခိုင်များနှင့် ဇာတ်နိပါတ်တော်များတွင်လည်းကောင်း၊ အိန္ဒိယနှင့်မြန်မာ ဒဏ္ဍာရီပုံပြင်များတွင်လည်းကောင်း၊ သရက်ပင်သရက်သီးတို့နှင့် စပ်လျဉ်းသော အဖြစ်အပျက်အ ကြောင်းထုပ္ပတ်များ အမြောက်အမြားရှိလေသည်။ သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ဖြူပင်ရင်း၌ ဂေါတမမြတ်စွာဘုရားသခင် ၏ယမက ပြာဋိဟာ ပြတော်မူခဲ့ပုံသည် ဂေါတမဗုဒ္ဓဝင်၌ထင်ရှားသော အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ရှေးခေတ်အိန္ဒိယ၌ သရက်သီးသည် လူတို့၏အရေးပါသော အစားအစာ တစ်ရပ် ဖြစ်ကြောင်းမှာ သရက်သီးကို သင်္သကရိုက်ဘာသာဖြင့် ရေးသားသုံးနှုန်းထားသည့် စကာလုံးအားဖြင့် သိရသည်။ သရက်သီးကို အိန္ဒိယနိုင်ငံ၏အပ ကမ္ဘာ၌ လူသိများပြားကျော်ကြားအောင် ဂုဏ်သတင်း ပျံ့လွင့်စေခဲ့သူသည် ခရစ်နှစ် ၆၆၂−၆၄၅ ခုနှစ်များတွင် အိန္ဒိယနိုင်ငံ ဟိန္ဒူစတန်လွင်ပြင်သို့ ရောက်ရှိခဲ့သူ တရုတ်ခရီးသည်ကြီး ဟူအင်ဆန် ဖြစ်သည်။ မဂိုဘုရင်အက္ကဗာ (ခရစ် ၁၅၅၆−၁၆ဝ၅)သည် ဒေလီမြို့တော်အနီးတွင် အပင်တစ်သိန်းမကသော သရက်သီး ဥယျာဉ်တော်ကြီးကို ပြုစုစိုက်ပျိုးစေခဲ့သည်ဟု သိရှိရပေရာ ထိုခေတ်ထိုအခါက ထိုမျှလောက်များပြားသော အပင်အရေအတွက်ရှိသည့် သစ်သီးဥယျာဉ်များ အလွန်နည်းပါးသေးသဖြင့် တန်ခိုးအာဏာကြီးမားသော ထိုဘုရင်ကြီးက ထိုမျှလောက် အရေးထား စိုက်ပျိုးခြင်းကို ထောက်ရှု၍ သရက်သီး၏ ဂုဏ်သတ္တိသည် နှယ်နှယ်ရရ မဟုတ်ကြောင်း ထင်ရှားလှပေသည်။
ရွှေဇံအောင်၊ ဦး ဦးရွှေဇံအောင်သည် ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြု၍ 'တက္ကိယ နယဒီပနီ' အမည်ရှိ ယုတ္တိဗေဒ ကျမ်းကို ရေးသား ပြုစုသည်။ ဂျီဗန်း၏ ကျမ်းကို သဘောနှင့် အစီအစဉ် လောက်သာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံတို့မှာမူ မြန်မာဆန်သည်။ ထို့ပြင် အထက်တန်းကျသော ဆေးပညာ အတွေးအခေါ်များ ပါဝင်သော ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ 'ဂန်းနော့' ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ 'အနတ္တမီ' ကျမ်း၊ 'ဖီဇီ အော်လိုဂျီ’' ကျမ်းများကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာတို့မှ ဒွတ္တိ သကာယ အကြောင်းများနှင့် ညှိနှိုင်း ရေးသားသော 'ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း'၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော 'ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း' တို့ကို ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း 'ယမက ခေါ် ယမိုက်ကျမ်း'၊ 'ကထာဝတ္ထု ကျမ်း'၊ 'အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)' တို့ကို ရေးသားခဲ့သည်။ 'လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတု' ကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်လည်း ဆောင်းပါးများစွာ ရေးသားခဲ့သည်။ နောက်ဆုံး ပြုစုသော 'လူမျိုး တစ်ရာ့တစ်ပါး' ကျမ်းမှာ ပြီးမြောက်သော်လည်း ပုံနှိပ် ထုတ်ဝေခြင်း မပြုဖြစ်ကြောင်း သိရသည်။